Monday, October 7, 2019

ဓာတ်တိုင်ကျိုးကျပြီး လူသေဆုံးခဲ့ရမှုအတွက် တာဝန်ရှိသူကို အရေးယူပေးရန် ညောင်လေးပင်ဒေသခံများ တောင်းဆို

အောက်တိုဘာ ၆ ရက်နေ့ ညပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ‌ ဓာတ်တိုင်ကျိုးကျပြီး လူတဦး သေဆုံးခဲ့ကာ တဦး ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို အရေးယူဖို့ ဒေသခံတွေက တောင်းဆိုလိုက်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ညနေက မြို့ မ ၄ ရပ်ကွက် ဇေယျာမင်းလွင်လမ်းမှာ မီးမလာတာကြာင့် လျှပ်စစ်ဝန်ထမ်း ကိုဘိုဘိုဟန်နဲ့ ကိုအောင်မြတ်သူတို့ နှစ်ဦး ဓာတ်မီးတိုင်ပေါ် တက်ပြီး ပြုပြင်နေချိန် ဓာတ်မီးတိုင်ကျိုးကျပြီး တစ်ဦး သေဆုံးကာ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာ ဖြစ်သည်။
အဆိုပါ အန္တရာယ်ရှိသော လမ်းမီးတိုင်တွေမှန်း သိရက်သားနဲ့ ပိုက်ဆံနှစ်သိန်း မပေးလို့ လာရောက် တပ်ဆင်ပေးခြင်း မရှိတာဟာ မဖြစ်သင့်တဲ့ ကိစ္စတခုဖြစ်ပြီး မြိုနယ်လျှပ်စစ်အင်ဂျင်နီယာမှူးရဲ့ ပေါ့ဆမှုကြောင့် အောက်ခြေဝန်ထမ်းတွေ မသေသင့်ဘဲ သေခဲ့ရတာဟာ မြို့နယ်လျှပ်စစ်မှူးမှာ တာဝန်အပြည့်ရှိတာကြောင့် အထက်အဆင့်လူကြီးများအနေဖြင့် အရေးယူပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးမှုနှင့်ပတ်သက်ပြီး ညောင်လေးပင်မြို့မရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေပြီး သေမှုသေခင်း အမှတ် ၁၆/၂၀၁၉နဲ့ အမှုဖွင့်ထားကြောင်းသိရှိရပါသည်။
<<Zawgyi>>
Monday,October 7 ,2019

0 comments:

Post a Comment