Monday, October 7, 2019

ရန်ကုန်တိုင်းဒေသကြီးတွင် အန္တရာယ်ရှိသော အဆောက်အဦပေါင်း ၉၀ လုံးရှိကြောင်း ရန်ကုန်မြို့တော်ဝန်ပြောကြား

Image may contain: outdoor

ရန်ကုန်တိုင်းဒေသကြီးတွင် အန္တရာယ်ရှိအဆောက်အဦအဖြစ်ကြေညာပြီး ပြန်လည်မတည်ဆောက်ရသေးသော အဆောက်အဦပေါင်း ၉၀ လုံးရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးထံမှ သိရသည်။

“ ဘာကြောင့်ပြန်မဆောက်တာလဲကို စမ်းစစ်ကြည့်လိုက်တဲ့အခါမှာ ဌာနဆိုင်ရာအဆောက်အဦမှာ ဖျက်သိမ်းဖို့ ၁၃ လုံးကျန်ပါသေးတယ်။ အဆောက်အအုံသစ်ဆောက်လုပ်ဖို့စိစစ်ဆဲကတော့ ၄ လုံးပါ။ နောက်တစ်ခုက မြေရှင်နဲ့ကန်ထရိုက်တာတို့ညှိနှိုင်းဆဲပြေလည်မှုမရတာက ၂၉ လုံးရှိပါတယ်။ကန်ထရိုက်မရှိတဲ့ အလုံးရေပေါင်းက ၇ လုံးရှိပါတယ်။ တရားရုံးမှာတရားစွဲဆိုထားတာနဲ့တားဝရမ်းရှိနေတာက ၁၀ လုံးရှိပါတယ်။ ပိုင်ဆိုင်မှုကိစ္စများဆောင်ရွက်နေတဲ့အတွက်မဆောက်လုပ်နိုင်တာက ၁၀ လုံးရှိပါတယ်။ မြေပိုင်က ကန့်ကွက်တာက ၄ လုံး စသဖြင့်ရှိပါတယ်။ဒါတွေကို စိစစ်ကြပ်မတ်နေပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်- ၁ တိုင်းဒေသကြီးလွှတ်တော်ကိုစားလှယ် ဦးရန်ရှင်း၏ “အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ခြင်းခံရသည့် အဆောက်အအုံအား သတ်မှတ်ရက်မှစပြီး ဘယ်နှစ်ရက်အတွင်း အပြီးအဆီးဖြိုဖျက်ရန်(သို့မဟုတ်) ပြင်ဆင်ရန် စည်းကမ်းချက်များ သတ်မှတ်ထားပါသလဲ” ဆိုသည့် မေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ်အတွင်း ပုစွန်တောင်မြို့နယ်၌ လူမနေသည့်အဆောက်အုံတစ်လုံးမှ ဝရံတာ ပြိုကျခဲ့သည့်အတွက် ၎င်းအဆောက်အအုံအောက်တွင်ရပ်ထားသည့် ကားများပျက်စီးဆုံးရှုံးခဲ့ရသည်။
<zawgyi>
ရန်ကုန်တိုင်းဒေသကြီးတွင် အန္တရာယ်ရှိသော အဆောက်အဦပေါင်း ၉၀ လုံးရှိကြောင်း ရန်ကုန်မြို့တော်ဝန်ပြောကြား
Tuesday,October 8 ,2019

ရန်ကုန်တိုင်းဒေသကြီးတွင် အန္တရာယ်ရှိအဆောက်အဦအဖြစ်ကြေညာပြီး ပြန်လည်မတည်ဆောက်ရသေးသော အဆောက်အဦပေါင်း ၉၀ လုံးရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးထံမှ သိရသည်။
“ ဘာကြောင့်ပြန်မဆောက်တာလဲကို စမ်းစစ်ကြည့်လိုက်တဲ့အခါမှာ ဌာနဆိုင်ရာအဆောက်အဦမှာ ဖျက်သိမ်းဖို့ ၁၃ လုံးကျန်ပါသေးတယ်။ အဆောက်အအုံသစ်ဆောက်လုပ်ဖို့စိစစ်ဆဲကတော့ ၄ လုံးပါ။ နောက်တစ်ခုက မြေရှင်နဲ့ကန်ထရိုက်တာတို့ညှိနှိုင်းဆဲပြေလည်မှုမရတာက ၂၉ လုံးရှိပါတယ်။ကန်ထရိုက်မရှိတဲ့ အလုံးရေပေါင်းက ၇ လုံးရှိပါတယ်။ တရားရုံးမှာတရားစွဲဆိုထားတာနဲ့တားဝရမ်းရှိနေတာက ၁၀ လုံးရှိပါတယ်။ ပိုင်ဆိုင်မှုကိစ္စများဆောင်ရွက်နေတဲ့အတွက်မဆောက်လုပ်နိုင်တာက ၁၀ လုံးရှိပါတယ်။ မြေပိုင်က ကန့်ကွက်တာက ၄ လုံး စသဖြင့်ရှိပါတယ်။ဒါတွေကို စိစစ်ကြပ်မတ်နေပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်- ၁ တိုင်းဒေသကြီးလွှတ်တော်ကိုစားလှယ် ဦးရန်ရှင်း၏ “အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ခြင်းခံရသည့် အဆောက်အအုံအား သတ်မှတ်ရက်မှစပြီး ဘယ်နှစ်ရက်အတွင်း အပြီးအဆီးဖြိုဖျက်ရန်(သို့မဟုတ်) ပြင်ဆင်ရန် စည်းကမ်းချက်များ သတ်မှတ်ထားပါသလဲ” ဆိုသည့် မေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ်အတွင်း ပုစွန်တောင်မြို့နယ်၌ လူမနေသည့်အဆောက်အုံတစ်လုံးမှ ဝရံတာ ပြိုကျခဲ့သည့်အတွက် ၎င်းအဆောက်အအုံအောက်တွင်ရပ်ထားသည့် ကားများပျက်စီးဆုံးရှုံးခဲ့ရသည်။

0 comments:

Post a Comment