Monday, October 7, 2019

အဆိုတော် ဖြိုးပြည့်စုံအပါအဝင် ၃ ဦး သုံးစွဲနေတဲ့ ဆေးပြားများ မူးယစ်ဆေးဝါး အစစ်အမှန် ဟုတ်မဟုတ်စစ်ဆေးနေ

Image may contain: 1 person

အဆိုတော် ဖြိုးပြည့်စုံအပါအဝင် တေးရေး ငြိမ်းချမ်းကို၊ရော်နီစန်းလွင်တို့ကို ဆေးပြား ၁၀ ပြားနှင့်အတူ မြန်မာပလာဇာရှိ ကော်ဖီဆိုင်တစ်ဆိုင်၌ အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရှိရသည်။

ယခင်က မူးယစ်ဆေးဝါးများစွာ ဖမ်းဆီးဖူးပြီး ယခုဖမ်းမိသည့် ဆေးပြား ၁၀ပြားမှာမူ ပထမဆုံးအကြိမ်မြင်ဖူး ခြင်းဖြစ်ကြောင်း ရဲမှူး သိန်းဝင်းက ပြောကြားကြောင်း သိရှိရသည်။
“အရင်တုန်းက မြင်ဖူးတဲ့ ဆေးပြားပုံစံမျိုးတွေ မဟုတ်ဘူး။ မူးယစ်ဆေးဝါး အစစ်အမှန်ဖြစ်မဖြစ် အခြေအနေ အကုန်လုံးကို ဓာတုဗေဒ အစည်းအရုံးကို မေးပါမယ်။ အစည်းအရုံးကနေ ပြန်ကြားပါလိမ့်မယ်” ဟု မြို့နယ်မှူးက ဆိုသည်။
“သူကိုယ်တိုင် (ဖြိုးပြည့်စုံ) ထိုင်းနိုင်ငံက ဝယ်လာပြီးတော့ သုံးစွဲတယ်လို့ ပြောပါတယ်။ ဒါပေမဲ့သူကတော့ အဲဒါ မူးယစ်ဆေးဝါး မဟုတ်ပါဘူးလို့ ပြောတယ်။ သို့သော်လည်း အဲဒီကိစ္စသည် အဲဒီဆေးပြားက မူးယစ်ဆေးဝါး ဟုတ်ခြင်း မဟုတ်ခြင်းကို တာဝန်အရှိဆုံး ဓာတုဗေဒအစည်းအရုံးက ဓာတ်ခွဲစစ်ဆေးချက် ပြန်ကြားစာ ရမှသာလျှင်သိရမှာပါ” ဟု မြို့နယ်မှူးက ဆိုသည်။
Photo - Phyo Pyae Sone
<zawgyi>
အဆိုတော် ဖြိုးပြည့်စုံအပါအဝင် ၃ ဦး သုံးစွဲနေတဲ့ ဆေးပြားများ မူးယစ်ဆေးဝါး အစစ်အမှန် ဟုတ်မဟုတ်စစ်ဆေးနေ
Tuesday,October 8 ,2019

အဆိုတော် ဖြိုးပြည့်စုံအပါအဝင် တေးရေး ငြိမ်းချမ်းကို၊ရော်နီစန်းလွင်တို့ကို ဆေးပြား ၁၀ ပြားနှင့်အတူ မြန်မာပလာဇာရှိ ကော်ဖီဆိုင်တစ်ဆိုင်၌ အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရှိရသည်။
ယခင်က မူးယစ်ဆေးဝါးများစွာ ဖမ်းဆီးဖူးပြီး ယခုဖမ်းမိသည့် ဆေးပြား ၁၀ပြားမှာမူ ပထမဆုံးအကြိမ်မြင်ဖူး ခြင်းဖြစ်ကြောင်း ရဲမှူး သိန်းဝင်းက ပြောကြားကြောင်း သိရှိရသည်။
“အရင်တုန်းက မြင်ဖူးတဲ့ ဆေးပြားပုံစံမျိုးတွေ မဟုတ်ဘူး။ မူးယစ်ဆေးဝါး အစစ်အမှန်ဖြစ်မဖြစ် အခြေအနေ အကုန်လုံးကို ဓာတုဗေဒ အစည်းအရုံးကို မေးပါမယ်။ အစည်းအရုံးကနေ ပြန်ကြားပါလိမ့်မယ်” ဟု မြို့နယ်မှူးက ဆိုသည်။
“သူကိုယ်တိုင် (ဖြိုးပြည့်စုံ) ထိုင်းနိုင်ငံက ဝယ်လာပြီးတော့ သုံးစွဲတယ်လို့ ပြောပါတယ်။ ဒါပေမဲ့သူကတော့ အဲဒါ မူးယစ်ဆေးဝါး မဟုတ်ပါဘူးလို့ ပြောတယ်။ သို့သော်လည်း အဲဒီကိစ္စသည် အဲဒီဆေးပြားက မူးယစ်ဆေးဝါး ဟုတ်ခြင်း မဟုတ်ခြင်းကို တာဝန်အရှိဆုံး ဓာတုဗေဒအစည်းအရုံးက ဓာတ်ခွဲစစ်ဆေးချက် ပြန်ကြားစာ ရမှသာလျှင်သိရမှာပါ” ဟု မြို့နယ်မှူးက ဆိုသည်။
Photo - Phyo Pyae Sone
#Myanmar_Online_News

0 comments:

Post a Comment