Sunday, October 6, 2019

တနင်္သာရီတိုင်းအစိုးရမှ စွဲဆိုထားသော မဲဆွယ်အပြုံးသရော်စာအမှု အောက်တိုဘာလ ၁၈ ရက်တွင် နှစ်ဘက် အပြီးသတ်ကြားနာမည်

Image may contain: one or more people
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့တွင် တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့် တနင်္သာရီဂျာနယ်အမှုကို တိုင်းဒေသကြီး တရားလွှတ်တော်၌ နှစ်ဘက်အပြီးသတ်ကြားနာမည်ဖြစ်သည်။

တနင်္သာရီဂျာနယ်တွင်ဖော်ပြခဲ့သည့် မဲဆွယ်အပြုံးသရော်စာကြောင့် တိုင်းအစိုးရကတရားစွဲဆိုခဲ့ပြီး ထားဝယ်မြို့နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင်အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေ ကျပ် ၅ သိန်းပေးဆောင်ရန် ဖေဖော်ဝါရီလက အမိန့်ချခဲ့သောကြောင့် မြို့နယ်တရားရုံး၏ အမိန့်ချမှတ်မှုအပေါ် ခရိုင်တရားရုံးထံ အယူခံတင်သွင်းရာ ခရိုင်တရားရုံးကလည်း ပလပ်သည့် အမိန့်ချခဲ့သည်။
ထိုကြောင့် တနင်္သာရီဂျာနယ်ဘက်က ဇွန်လ ၃ ရက်နေ့တွင် တိုင်းတရားလွှတ်တော်ထံ ရာဇဝတ်ပြင်ဆင်မှု ထပ်မံလျှောက်ထား ခဲ့သဖြင့် တနင်္သာရီဂျာနယ်၏ လျှောက်ထားမှုအပေါ် တိုင်းတရားလွှတ်တော်က ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၉/၂၀၁၉ ဖြင့် လက်ခံခဲ့သည်။
တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးသရော်စာသည် တနင်္သာရီတိုင်းဝန်ကြီးချုပ် (ဟောင်း)နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော်အကြာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့နယ်တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
<<Zawgyi>>
Monday, October 7, 2019

0 comments:

Post a Comment