Thursday, October 3, 2019

တာချီလိတ်မြို့၌ စိတ်ကြွဆေးပြား ၂၀၀၀၀ ပြား ဖမ်းဆီးရမိ

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးဘက်မှ ရွှေလသာလမ်းသွယ်ဘက်သို့ လီဒီး မောင်းနှင်လာသည့် ဆိုင်ကယ်အားစစ်ဆေးရာ ၎င်းလွယ် ထားသော လွယ်အိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၂၀၀၀၀ ပြား၊ ဖုန်း ၁ လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါသည်။

အဆိုပါ လီဒီး(၁၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရှိရပါသည်။
<<zawgyi>>

Thursday,October 3, 2019

0 comments:

Post a Comment