Thursday, October 3, 2019

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်အတွင်း ခိုးမှုကျူးလွန်ခဲ့သူ (၁)ဦးအား ဖမ်းဆီးရမိ

Image may contain: one or more people, people standing and text

အမှုမှာ တရားလို ဦး--- သည် ပန်းဘဲတန်းမြို့နယ်၊ (၂၉)လမ်း နှင့် လမ်း(၃၀)ကြားတွင် 'Fast Call' အမည်ဖြင့် ဖုန်းဆိုင်ဖွင့်လှစ်ထားရှိကြောင်း၊ ၂၈.၈.၂၀၁၈ ရက်နေ့ ၀၉၂၀ အချိန်တွင် ဆိုင်ဝန်ထမ်းများနှင့်အတူ ဆိုင်အတွင်း သော့ဖွင့်၍ဝင်ရောက်ခဲ့ရာ စားပွဲအံဆွဲမှာ ပွင့်နေပြီး အံဆွဲအတွင်းရှိ ငွေကျပ်(၂၀၄၀၀၀၀) ၊ လက်ကိုင်ဖုန်းအဟောင်း (၆)လုံး၊ Laptop အဟောင်း(၁)လုံး၊ စုစုပေါင်းတန်ဖိုးငွေ (၄၆၀၀၀၀၀)ကျပ်ခန့် ပျောက်ဆုံးနေသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခြင်းဖြစ်ပါသည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက တရားခံအမြန်ဆုံး စုံစမ်းဖော်ထုတ် ဖမ်းဆီးသွားရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည် အခင်းဖြစ်ရပ်အား အသေးစိတ်စုံစမ်း စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူသည် မင်းမင်း(ခ)မိုဟာမက် အလီ ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ရှာဖွေဖမ်းဆီးခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရှိ ၎င်း၏ ယောက္ခမ နေအိမ်တွင် အမှုဖြင့် ဖမ်းဆီးခဲ့ပြီး ပြစ်မှုကျူးလွန်သူ မင်းမင်း(ခ)မိုဟာမက်အလီ အား ဥပဒေနှင့်အညီ အမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။

<Zawgyi>
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်အတွင်း ခိုးမှုကျူးလွန်ခဲ့သူ (၁)ဦးအား ဖမ်းဆီးရမိ
Friday, October 4, 2019

အမှုမှာ တရားလို ဦး--- သည် ပန်းဘဲတန်းမြို့နယ်၊ (၂၉)လမ်း နှင့် လမ်း(၃၀)ကြားတွင် 'Fast Call' အမည်ဖြင့် ဖုန်းဆိုင်ဖွင့်လှစ်ထားရှိကြောင်း၊ ၂၈.၈.၂၀၁၈ ရက်နေ့ ၀၉၂၀ အချိန်တွင် ဆိုင်ဝန်ထမ်းများနှင့်အတူ ဆိုင်အတွင်း သော့ဖွင့်၍ဝင်ရောက်ခဲ့ရာ စားပွဲအံဆွဲမှာ ပွင့်နေပြီး အံဆွဲအတွင်းရှိ ငွေကျပ်(၂၀၄၀၀၀၀) ၊ လက်ကိုင်ဖုန်းအဟောင်း (၆)လုံး၊ Laptop အဟောင်း(၁)လုံး၊ စုစုပေါင်းတန်ဖိုးငွေ (၄၆၀၀၀၀၀)ကျပ်ခန့် ပျောက်ဆုံးနေသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခြင်းဖြစ်ပါသည်။
အမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက တရားခံအမြန်ဆုံး စုံစမ်းဖော်ထုတ် ဖမ်းဆီးသွားရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည် အခင်းဖြစ်ရပ်အား အသေးစိတ်စုံစမ်း စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူသည် မင်းမင်း(ခ)မိုဟာမက် အလီ ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ရှာဖွေဖမ်းဆီးခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရှိ ၎င်း၏ ယောက္ခမ နေအိမ်တွင် အမှုဖြင့် ဖမ်းဆီးခဲ့ပြီး ပြစ်မှုကျူးလွန်သူ မင်းမင်း(ခ)မိုဟာမက်အလီ အား ဥပဒေနှင့်အညီ အမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။

0 comments:

Post a Comment