Monday, October 7, 2019

ဗစ်တိုးရီးယားလေးအမှု (၈) ကြိမ်မြောက်ရုံးချိန်းတွင် မလာရောက်နိုင်တာ ထွက်ပြေးတာမဟုတ်ဘဲ အလုပ်ကိစ္စကြောင့်ဟု ဦးသက္ကမိုးညိုပြေကြား

Image may contain: textImage may contain: 1 person, tree, sky, outdoor and nature

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ဗစ်တိုးရီးယားလေးအမှု (၈) ကြိမ်မြောက်ရုံးချိန်းပဲ ဖြစ်ပါတယ်။ဗစ်တိုးရီးယားလေးအမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသော ဦးသက္ကမိုးညိုသည် မနက်ဖြန် (၈)ကြိမ်မြောက်ရုံးချိန်းတွင် မလာရောက်နိုင်တာ ထွက်ပြေးတာမဟုတ်ဘဲ အလုပ်ကိစ္စကြောင့် မတက်ရောက်နိုင်တာဖြစ်ကြောင်း ပြောကြားထားကြောင်း သတင်းရရှိသည်။
ဦးသက္ကမိုးညို၏ပြောကြားချက်များမှာ-
" မနက်ဖြန်ဆို သမီးလေး ရုံးချိန်း နောက်တခေါက် ရောက်ပြန်ပြီ။ ဒီတပတ် ရုံးချိန်းမှာတော့ ဒေါ်ဥမ္မာလှိုင် ခင်ပွန်းရယ်၊ WH ကား သမီးလေး ဖယ်ရီကို မောင်းတဲ့ ယာဉ်မောင်းနှစ်ယောက်ရယ်ကို စစ်ပါမယ်။ အချိန်ရရင် WH က CCTV မှတ်တမ်းတွေ ကိုင်တဲ့သူကိုလည်း (အရင်တခေါက်က မစစ်လိုက်ရသူ) ကိုပါ စစ်ကောင်း စစ်ပါမယ်။

တောင်းပန်ချင်တာက မနက်ဖြန်တော့ ကျွန်တော် မလာရောက်နိုင်ပါဘူး။ ရုံးကိစ္စ တခုနဲ့ ရန်ကုန်ကို သွားရပါမယ်။ ဘယ်လိုမှ မတတ်နိုင်လို့ပါ။ ဒါပေမယ့် ဒီနေ့ စီစဉ်စရာ ရှိတာတွေ အကုန်စီစဉ် တိုင်ပင်ခဲ့ဦးမှာပါထွက်ပြေးတယ်လည်း မထင်ကြနဲ့ဦး။ မနေ့ညက ကလေး အဖေနဲ့ ပြောသလိုပေါ့။
ဆရာတို့၊ မရွက်နုတို့ ထွက်သွားလေမလားနဲ့ ကျွန်တော့်မှာ အမြဲ စိတ်ပူနေရတာ...တဲ့အမှန်ပြောရရင် ရင်ထဲ ဆို့သွားလို့ တော်တော်နဲ့ စကားမပြောနိုင်ခဲ့ဘူး။ သူစိတ်ပူမယ်ဆိုလည်း ပူထိုက်ပါတယ်။ အကျိုးစီးပွားနဲ့ ယှဉ်လာတဲ့အခါမှာ၊ အကြောက်တရားနဲ့ ယှဉ်လာတဲ့အခါမှာ ဆွေမျိုးတွေတောင်မှ စွန့်ခွာထွက်ပြေးတတ်တဲ့သဘော၊ ဘက်ပြောင်းတတ်တဲ့သူဘောကို သူရော ကျွန်တော်ရော အထပ်ထပ် ကြုံခဲ့ပြီးပြီလေ။

စွန့်ခွာတယ် ဆိုရာမှာလည်း ဘယ်လိုမှ လိုက်ပါလို့ မဖြစ်နိုင်တော့လို့ ရပ်တန့်ကျန်ခဲ့ရသူတွေကို အပြစ်မဆိုခဲ့ပါ။ ဥပမာ၊ မဂျက်စီကာ ဆိုရင် ကျွန်တော်ကပဲ တားခဲ့တာ။ သမီးလေး ရှိသေးတယ်။ မပါနဲ့တော့ ဆိုပြီး။ သူလည်း အခုထက်ထိ ကျွန်တော်တို့နဲ့ ရပ်တည်နေဆဲပါ။ တချို့ကျတော့လည်း ကိုယ်လိုက်ပါမရတာ ဝန်မခံချင်တာနဲ့ပဲ ကျွန်တော် (သက္ကမိုးညို)ကပဲ နိုင်ငံရေးလုပ်ကွက် ထည့်နေသလိုလို တွေးတော ပြောဆို ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာတွေကြားရတော့လည်း ပြုံးပဲ နေမိပါတယ်။ ကျွန်တော် အညိုးအတေး မထားတတ်ပါ။ ဘယ်သူဘာလဲဆိုတာ အချိန်တန်ရင် သိကြမှာပါပဲ။ဒါတွေ တွေးပြီး ကလေးအဖေကို ပြန်ပြောခဲ့ပါတယ်။
ခင်ဗျားသမီးလေး နေရာမှာ ကျွန်တော့် သမီးလေး ဖြစ်နေပြီးတော့ ကျွန်တော့်မှာ အကူအညီ တယောက်မှ မရှိ၊ ကုရာကယ်ရာမဲ့နေတဲ့ ဘဝကို ပြန်စဉ်းစားကြည့်မိတယ်။ အဲလို စဉ်းစားမိသမျှ ခင်ဗျားကို ကျွန်တော် မထားခဲ့ဘူး။ သမီးလေးကို ကျွန်တော် အဲဒီလို ပစ်မထားခဲ့နိုင်ဘူး။
ဘယ်ကို အကူအညီ တောင်းရမယ် မသိ၊ မျက်စိသူငယ် နားသူငယ်ဘဝနဲ့ ဟိုလူကူနိုးနိုး၊ ဒီလူ ကူနိုးနိုး ဘဝမှာ မထားခဲ့နိုင်ပါဘူး။ တခြားသူ ထားခဲ့ချင် ထားခဲ့မယ်။ကျွန်တော် မထားဘူး၊ မထားခဲ့နိုင်ပါဘူး။ကားထဲမှာ မှောင်နေလို့ ကျွန်တော် မျက်ရည်လည်နေတာ သူမြင်မှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့ပါတယ်။
မနက်ဖြန် ရုံးချိန်းတွင် ဘယ်လိုအဖြေမျိုးတွေ ထပ်ထွက်လာအုံးမလဲဆိုတာကို စောင့်ကြည့်ကြပါအုံးနော်
Ref ; သက္ကမိုးညို
<zawgyi>
ဗစ်တိုးရီးယားလေးအမှု (၈) ကြိမ်မြောက်ရုံးချိန်းတွင် မလာရောက်နိုင်တာ ထွက်ပြေးတာမဟုတ်ဘဲ အလုပ်ကိစ္စကြောင့်ဟု ဦးသက္ကမိုးညိုပြေကြား
Tuesday,October 8 ,2019

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ဗစ်တိုးရီးယားလေးအမှု (၈) ကြိမ်မြောက်ရုံးချိန်းပဲ ဖြစ်ပါတယ်။
ဗစ်တိုးရီးယားလေးအမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသော ဦးသက္ကမိုးညိုသည် မနက်ဖြန် (၈)ကြိမ်မြောက်ရုံးချိန်းတွင် မလာရောက်နိုင်တာ ထွက်ပြေးတာမဟုတ်ဘဲ အလုပ်ကိစ္စကြောင့် မတက်ရောက်နိုင်တာဖြစ်ကြောင်း ပြောကြားထားကြောင်း သတင်းရရှိသည်။
ဦးသက္ကမိုးညို၏ပြောကြားချက်များမှာ-
" မနက်ဖြန်ဆို သမီးလေး ရုံးချိန်း နောက်တခေါက် ရောက်ပြန်ပြီ။ ဒီတပတ် ရုံးချိန်းမှာတော့ ဒေါ်ဥမ္မာလှိုင် ခင်ပွန်းရယ်၊ WH ကား သမီးလေး ဖယ်ရီကို မောင်းတဲ့ ယာဉ်မောင်းနှစ်ယောက်ရယ်ကို စစ်ပါမယ်။ အချိန်ရရင် WH က CCTV မှတ်တမ်းတွေ ကိုင်တဲ့သူကိုလည်း (အရင်တခေါက်က မစစ်လိုက်ရသူ) ကိုပါ စစ်ကောင်း စစ်ပါမယ်။

တောင်းပန်ချင်တာက မနက်ဖြန်တော့ ကျွန်တော် မလာရောက်နိုင်ပါဘူး။ ရုံးကိစ္စ တခုနဲ့ ရန်ကုန်ကို သွားရပါမယ်။ ဘယ်လိုမှ မတတ်နိုင်လို့ပါ။ ဒါပေမယ့် ဒီနေ့ စီစဉ်စရာ ရှိတာတွေ အကုန်စီစဉ် တိုင်ပင်ခဲ့ဦးမှာပါ
ထွက်ပြေးတယ်လည်း မထင်ကြနဲ့ဦး။ မနေ့ညက ကလေး အဖေနဲ့ ပြောသလိုပေါ့။
ဆရာတို့၊ မရွက်နုတို့ ထွက်သွားလေမလားနဲ့ ကျွန်တော့်မှာ အမြဲ စိတ်ပူနေရတာ...တဲ့အမှန်ပြောရရင် ရင်ထဲ ဆို့သွားလို့ တော်တော်နဲ့ စကားမပြောနိုင်ခဲ့ဘူး။ သူစိတ်ပူမယ်ဆိုလည်း ပူထိုက်ပါတယ်။ အကျိုးစီးပွားနဲ့ ယှဉ်လာတဲ့အခါမှာ၊ အကြောက်တရားနဲ့ ယှဉ်လာတဲ့အခါမှာ ဆွေမျိုးတွေတောင်မှ စွန့်ခွာထွက်ပြေးတတ်တဲ့သဘော၊ ဘက်ပြောင်းတတ်တဲ့သူဘောကို သူရော ကျွန်တော်ရော အထပ်ထပ် ကြုံခဲ့ပြီးပြီလေ။

စွန့်ခွာတယ် ဆိုရာမှာလည်း ဘယ်လိုမှ လိုက်ပါလို့ မဖြစ်နိုင်တော့လို့ ရပ်တန့်ကျန်ခဲ့ရသူတွေကို အပြစ်မဆိုခဲ့ပါ။ ဥပမာ၊ မဂျက်စီကာ ဆိုရင် ကျွန်တော်ကပဲ တားခဲ့တာ။ သမီးလေး ရှိသေးတယ်။ မပါနဲ့တော့ ဆိုပြီး။ သူလည်း အခုထက်ထိ ကျွန်တော်တို့နဲ့ ရပ်တည်နေဆဲပါ။ တချို့ကျတော့လည်း ကိုယ်လိုက်ပါမရတာ ဝန်မခံချင်တာနဲ့ပဲ ကျွန်တော် (သက္ကမိုးညို)ကပဲ နိုင်ငံရေးလုပ်ကွက် ထည့်နေသလိုလို တွေးတော ပြောဆို ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာတွေကြားရတော့လည်း ပြုံးပဲ နေမိပါတယ်။ ကျွန်တော် အညိုးအတေး မထားတတ်ပါ။ ဘယ်သူဘာလဲဆိုတာ အချိန်တန်ရင် သိကြမှာပါပဲ။ဒါတွေ တွေးပြီး ကလေးအဖေကို ပြန်ပြောခဲ့ပါတယ်။
ခင်ဗျားသမီးလေး နေရာမှာ ကျွန်တော့် သမီးလေး ဖြစ်နေပြီးတော့ ကျွန်တော့်မှာ အကူအညီ တယောက်မှ မရှိ၊ ကုရာကယ်ရာမဲ့နေတဲ့ ဘဝကို ပြန်စဉ်းစားကြည့်မိတယ်။ အဲလို စဉ်းစားမိသမျှ ခင်ဗျားကို ကျွန်တော် မထားခဲ့ဘူး။ သမီးလေးကို ကျွန်တော် အဲဒီလို ပစ်မထားခဲ့နိုင်ဘူး။
ဘယ်ကို အကူအညီ တောင်းရမယ် မသိ၊ မျက်စိသူငယ် နားသူငယ်ဘဝနဲ့ ဟိုလူကူနိုးနိုး၊ ဒီလူ ကူနိုးနိုး ဘဝမှာ မထားခဲ့နိုင်ပါဘူး။ တခြားသူ ထားခဲ့ချင် ထားခဲ့မယ်။ကျွန်တော် မထားဘူး၊ မထားခဲ့နိုင်ပါဘူး။
ကားထဲမှာ မှောင်နေလို့ ကျွန်တော် မျက်ရည်လည်နေတာ သူမြင်မှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့ပါတယ်။
မနက်ဖြန် ရုံးချိန်းတွင် ဘယ်လိုအဖြေမျိုးတွေ ထပ်ထွက်လာအုံးမလဲဆိုတာကို စောင့်ကြည့်ကြပါအုံးနော်
Ref ; သကၠမိုးညိဳ
#JusticeForVictoria #ToPromotetheRuleofLaw
#StopChildSexAbuseInMyanmar

0 comments:

Post a Comment