Wednesday, October 16, 2019

မိုးညှင်းမြို့နယ်၌ စိတ်ကြွဆေးပြား ၇၆၀၀ ပြား သိမ်းဆည်းရမိ

Image may contain: one or more people, people sitting, table and indoor

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ည ၈ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာ အနီး မိုးညှင်း-နဘားကားလမ်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျော်စိုးမောင်းနှင်ပြီး စိုးဝင်းနောက်ထိုင်လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ စိုးဝင်း၏အတွင်းခံဘောင်းဘီအတွင်းနှင့် ဆိုင်ကယ်ကာဗာများအတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် တံဆိပ်မပါစိတ်ကြွဆေးပြား ၇၆၀၀ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရှိရသည်။

အဆိုပါ ကျော်စိုးနှင့်စိုးဝင်းတို့ ၂ ဦးအား မိုးညှင်းမြို့မရဲစခန်း မယ(ပ)၁၉၆/ ၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
<<zawgyi>>
မိုးညှင်းမြို့နယ်၌ စိတ်ကြွဆေးပြား ၇၆၀၀ ပြား သိမ်းဆည်းရမိ
Wednesday, October 16, 2019

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ည ၈ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာ အနီး မိုးညှင်း-နဘားကားလမ်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျော်စိုးမောင်းနှင်ပြီး စိုးဝင်းနောက်ထိုင်လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ စိုးဝင်း၏အတွင်းခံဘောင်းဘီအတွင်းနှင့် ဆိုင်ကယ်ကာဗာများအတွင်းမှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် တံဆိပ်မပါစိတ်ကြွဆေးပြား ၇၆၀၀ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရှိရသည်။
အဆိုပါ ကျော်စိုးနှင့်စိုးဝင်းတို့ ၂ ဦးအား မိုးညှင်းမြို့မရဲစခန်း မယ(ပ)၁၉၆/ ၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment