Tuesday, October 15, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှားကာကွယ်ရေး ဒုဝန်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people sitting and indoor
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V. FOMIN ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရုရှားနိုင်ငံတွင် နှစ်စဉ် ကျင်းပပြုလုပ်သည့် International Army Games ပြိုင်ပွဲများကျင်းပမှု၊ မြန်မာ့ တပ်မတော်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေများနှင့် ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားမည့်အခြေအနေများ၊ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသကဲ့သို့ စီးပွားရေးနှင့် အခြားကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများ၊ လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့် ချစ်ကြည်ရေး ခရီးစဉ်အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
<<zawgyi>>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှားကာကွယ်ရေး ဒုဝန်ကြီးအား လက်ခံတွေ့ဆုံ
Wednesday, October 16, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V. FOMIN ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရုရှားနိုင်ငံတွင် နှစ်စဉ် ကျင်းပပြုလုပ်သည့် International Army Games ပြိုင်ပွဲများကျင်းပမှု၊ မြန်မာ့ တပ်မတော်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေများနှင့် ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားမည့်အခြေအနေများ၊ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသကဲ့သို့ စီးပွားရေးနှင့် အခြားကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများ၊ လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့် ချစ်ကြည်ရေး ခရီးစဉ်အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

0 comments:

Post a Comment