Sunday, October 6, 2019

ထိုင်းနိုင်ငံမှ ဆက်သွယ်ရေးတာဝါတိုင်များမှ ရေဒီယိုလှိုင်းနှုန်းများမှာ တာချီလိတ်ဘက်မှ နှောင့်ယှက်ခံရမှုများရှိနေဟု ဆို၊ မြန်မာ- ထိုင်းနှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင်အဖွဲ့မှ တာချီလိတ်တွင် ရေဒီယိုလှိုင်းနှုန်းတိုင်းတာခြင်း ပူးပေါင်းလုပ်ဆောင်

Image may contain: sky, cloud and outdoor

ထိုင်းနိုင်ငံမှ တယ်လီဖုန်းလိုင်းများ၏ ရေဒီယိုလှိုင်းနှုန်းနှောင့်ယှက်ခံရမှုများရှိနေကြောင်း တင်ပြလာခြင်းကြောင့် မြန်မာနှင့် ထိုင်း ကျွမ်းကျင်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း ရေဒီယို လှိုင်းနှုန်း တိုင်းတာရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၆) ရက်နေ့တွင် ဆောင်ရွက်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ဆက်သွယ်ရေးတာဝါတိုင်များမှ ရေဒီယိုလှိုင်းနှုန်းများမှာ နယ်စပ်မြို့ တာချီလိတ်ဘက်မှ နှောင့်ယှက်ခံရမှုများရှိနေသည်ဟု မြန်မာဘက်သို့ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ နှစ်နိုင်ငံက လှိုင်းနှုန်းတူခြင်း မဖြစ်ဖို့ နှစ်နိုင်ငံ High Technical Committee ကို တစ်နှစ် (၂)ကြိမ် လုပ်တယ်ဗျ။ ပြီးခဲ့တဲ့အစည်းအဝေးကတော့ ချင်းမိုင်မှာ လုပ်တယ်။ သူတို့ဘက်ကတင်ပြတဲ့ လှိုင်းနှုန်း အနှောက်အယှက်တွေပေါ့။ ကျွန်တော်တို့ ဒီနေ့လိုက်တိုင်းပြီး ဖြေရှင်းတာပေါ့။ (၈)ရက်နေ့အထိလုပ်မှာပါ။ သူတို့နဲ့တိုင်းတဲ့ ရလဒ်တွေကို ဆွေးနွေးကြမှာပေါ့။ ဒီနေ့တိုင်းတာတော့ သူတို့ပြောတဲ့ လိုင်းနှုန်း အနှောက်အယှက်ပေးတာတွေက မရှိဘူးပေါ့။ ရှိခဲ့ရင်လည်း ကျွန်တော်တို့က အခုတစ်ခါတည်း မဖြေရှင်း နိုင်ရင်တောင်မှ ကျွန်တော်တို့ကြားထဲမှာ နောက်ထပ် အစည်းအဝေးမတိုင်ခင်မှာ ကျွန်တော်တို့ဘက်က ဖြေရှင်းပေးရမှာပေါ့။ ကျွန်တော်တို့ဘက်မှာ အနှောက်အယှက်ဖြစ်တယ်ဆိုရင် သူတို့ ဖြေရှင်းပေးရမှာပေါ့"ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း ဆက်သွယ်ရေးအသုံးပြုမှုတွင် သတ်မှတ်ပေးထားသည့် လှိုင်းနှုန်းခွင်များအတိုင်း အသုံးပြုခြင်း ရှိ၊ မရှိနှင့် ခွင့်ပြုထားခြင်းမရှိသေးသော လှိုင်းနှုန်းများအတွင်း အသုံးပြုမှု ရှိ၊ မရှိတို့ကို မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူ (၇) ဦး၊ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူ (၇) ဦးတို့ ပါဝင်သည့်အဖွဲ့ဖြင့် ရေဒီယို လှိုင်းနှုန်းတိုင်းတာရေးကို လုပ်ဆောင်နကြခြေင်းဖြစ်ကြောင်း သိရသည်။
#သတင်း _ဟန်စိုးထိုက် #Myanmar_Online_News
<<Zawgyi>>
ထိုင်းနိုင်ငံမှ ဆက်သွယ်ရေးတာဝါတိုင်များမှ ရေဒီယိုလှိုင်းနှုန်းများမှာ တာချီလိတ်ဘက်မှ နှောင့်ယှက်ခံရမှုများရှိနေဟု ဆို၊ မြန်မာ- ထိုင်းနှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင်အဖွဲ့မှ တာချီလိတ်တွင် ရေဒီယိုလှိုင်းနှုန်းတိုင်းတာခြင်း ပူးပေါင်းလုပ်ဆောင်
Monday, October 7, 2019

ထိုင်းနိုင်ငံမှ တယ်လီဖုန်းလိုင်းများ၏ ရေဒီယိုလှိုင်းနှုန်းနှောင့်ယှက်ခံရမှုများရှိနေကြောင်း တင်ပြလာခြင်းကြောင့် မြန်မာနှင့် ထိုင်း ကျွမ်းကျင်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း ရေဒီယို လှိုင်းနှုန်း တိုင်းတာရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၆) ရက်နေ့တွင် ဆောင်ရွက်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ဆက်သွယ်ရေးတာဝါတိုင်များမှ ရေဒီယိုလှိုင်းနှုန်းများမှာ နယ်စပ်မြို့ တာချီလိတ်ဘက်မှ နှောင့်ယှက်ခံရမှုများရှိနေသည်ဟု မြန်မာဘက်သို့ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ နှစ်နိုင်ငံက လှိုင်းနှုန်းတူခြင်း မဖြစ်ဖို့ နှစ်နိုင်ငံ High Technical Committee ကို တစ်နှစ် (၂)ကြိမ် လုပ်တယ်ဗျ။ ပြီးခဲ့တဲ့အစည်းအဝေးကတော့ ချင်းမိုင်မှာ လုပ်တယ်။ သူတို့ဘက်ကတင်ပြတဲ့ လှိုင်းနှုန်း အနှောက်အယှက်တွေပေါ့။ ကျွန်တော်တို့ ဒီနေ့လိုက်တိုင်းပြီး ဖြေရှင်းတာပေါ့။ (၈)ရက်နေ့အထိလုပ်မှာပါ။ သူတို့နဲ့တိုင်းတဲ့ ရလဒ်တွေကို ဆွေးနွေးကြမှာပေါ့။ ဒီနေ့တိုင်းတာတော့ သူတို့ပြောတဲ့ လိုင်းနှုန်း အနှောက်အယှက်ပေးတာတွေက မရှိဘူးပေါ့။ ရှိခဲ့ရင်လည်း ကျွန်တော်တို့က အခုတစ်ခါတည်း မဖြေရှင်း နိုင်ရင်တောင်မှ ကျွန်တော်တို့ကြားထဲမှာ နောက်ထပ် အစည်းအဝေးမတိုင်ခင်မှာ ကျွန်တော်တို့ဘက်က ဖြေရှင်းပေးရမှာပေါ့။ ကျွန်တော်တို့ဘက်မှာ အနှောက်အယှက်ဖြစ်တယ်ဆိုရင် သူတို့ ဖြေရှင်းပေးရမှာပေါ့"ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း ဆက်သွယ်ရေးအသုံးပြုမှုတွင် သတ်မှတ်ပေးထားသည့် လှိုင်းနှုန်းခွင်များအတိုင်း အသုံးပြုခြင်း ရှိ၊ မရှိနှင့် ခွင့်ပြုထားခြင်းမရှိသေးသော လှိုင်းနှုန်းများအတွင်း အသုံးပြုမှု ရှိ၊ မရှိတို့ကို မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူ (၇) ဦး၊ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူ (၇) ဦးတို့ ပါဝင်သည့်အဖွဲ့ဖြင့် ရေဒီယို လှိုင်းနှုန်းတိုင်းတာရေးကို လုပ်ဆောင်နကြခြေင်းဖြစ်ကြောင်း သိရသည်။
#သတင်း _ဟန်စိုးထိုက် #Myanmar_Online_News

0 comments:

Post a Comment