Friday, October 4, 2019

ဝက်လက်တွင် ကြက်သွန်စိုက်အလုပ်သမားတစု မိုးကြိုးပစ်ခံရပြီး ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ

Image may contain: sky, tree, plant, outdoor and natureImage may contain: one or more people, people sitting and indoor
အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်တိုင်ကျေးရွာ၊ ကွင်းအမှတ် (၃၁၄၅) တွင် ကြက်သွန်စိုက် အလုပ်သမားများ မိုးကြိုးပစ်ခံရပြီး ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့ကြောင်းသိရှိရသည်။

ကျောက်တိုင်ကျေးရွာ၊ ဒေါ်ဝိုင်ရီပိုင်ဆိုင်သော ယာခင်းမှာ အလုပ်သမား ၇၀ လောက် ကြက်သွန်စိုက်ပျိုးနေကြချိန် ရုတ်တရက်မိုးရွာလာတဲ့အတွက် နီးစပ်ရာ တဲအတွင်းအချို့နဲ့ သစ်ပင်အောက်အချို့မိုးခိုနေကြချိန် မိုးကြိုးပစ်ခံရတာဖြစ်ကြောင်း သေဆုံးသူနဲ့အတူ ထိုင်နေသူများ၏ပြောကြားချက်အရသိရသည်။
မိုးကြိုးပစ်ခံရ၍ သေဆုံးသူမှာ ချစ်ဇော်(ဘ)ဦးချစ်သန်းဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ မင်းကျီကျေးရွာသူကျေးရွာသားတွေဖြစ်ပြီး ကျောက်တိုင်ကျေးရွာမှာ ကြက်သွန် အငှားစိုက်ကြတား ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေပန်းကုန်းနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ် ၅/၂၀၁၉ ဖြင့်ဆောင်ရွက်ထားကြောင်းသိရှိရပါသည်။

<<Zawgyi>>

0 comments:

Post a Comment