Friday, October 4, 2019

ပဲခူးမြို့နယ်တရားရုံး အတွင်း သေနတ်ကျည်ပေါက်ထွက်မှုဖြစ်

Image may contain: 1 person, standingNo photo description available.
ယနေ့အောက်တိုဘာလ ၄ ရက် နေ့လည်ပိုင်းတွင် ပဲခူးမြို့နယ် တရားရုံးဝန်းအတွင်းရှိ အချုပ်သားများကို စောင့်ကြပ်သောရဲတပ်သားတစ်ဦး လွယ်ထားသည့် (12)ဗို့ သေနတ်မှ ကျည်ပေါက်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တိုင်းရဲအကူတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦး ကိုင်ဆောင်ထားသော သေနတ်မှ ကျည်ပေါက်ထွက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ဖြစ်စဉ်နဲ့ပတ်သက်၍ ကျည်ပေါက်ထွက်မှုအကြောင်းအရင်းအား စစ်ဆေးနေကြောင်း မြို့မရဲစခန်းမှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်းသိရှိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပဲခူးမြို့နန်းတော်ရာ ရပ်ကွက်တွင်မူးယစ်ရမ်းကား နေသူကို ထိန်းသိမ်းရာမှဝင်ရောက် လုံးထွေး ခဲ့သဖြင့်သေနတ်ကျည်ထွက်ပြီး လူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

<<Zawgyi>>

0 comments:

Post a Comment