Tuesday, October 15, 2019

AA အဖွဲ့၏လုပ်ဆောင်မှုများသည် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပျက်ပြားစေနိုင်ကြောင်း တပ်မတော်ပြောကြား

AA အဖွဲ့၏တိုက်ခိုက်နေမှုများသည် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပျက်ပြားးစေနိုင်ကြောင်း တပ်မတော်သတင်းမှန်ကြား ရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

AAအဖွဲ့အနေဖြင့် အစိုးရအုပ်ချုပ်မှုယန္တရားကို ခြိမ်းခြောက်နေသည်မှာ ကြာပြီးဖြစ်ကြောင်း၊ လက်ရှိအုပ်ချုပ်မှုယန္တရားနေရာတွင် ၎င်းတို့၏ အုပ်ချုပ်မှုယန္တရားဖြင့် အစားထိုးရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုဆိုသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက " ဦးတည်တိုက်ခိုက်နေတာကြာပြီ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုတိုက်ခိုက်တာတို့၊ ရဲတပ် ဖွဲ့ဝင်တွေကို ခြိမ်းခြောက်တာတို့။ မြို့နယ်အုပ်ချုပ်ရေးမှူး တွေရော၊ ဌာနဆိုင်ရာဝန်ထမ်းတွေရော၊ ခြိမ်းခြောက် တာတို့၊ ပြီးရင် နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးရဲ့အခြေခံယူနစ် ဖြစ်တဲ့ ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို မထင်ရင် မထင်သလိုသတ်ဖြတ်တာ၊ ဒါ နိုင်ငံတော်ရဲ့အုပ်ချုပ်မှုယန္တရားကို တိုက်ရိုက်ခြိမ်းခြောက်တာပါပဲလေ။ AA အဖွဲ့ကနေတွေ့ဆုံခန်းတွေမှာ သူတို့ပြောခဲ့တာရှိတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး ဘာကြောင့်မို့လုပ်ဆောင်တာ တို့။ အုပ်ချုပ်မှု ယန္တရားတစ်ခုကို သူတို့ရဲ့အုပ်ချုပ်မှုယန္တရားနဲ့ အစားထိုးဖို့လုပ်တာပဲ။ လိုအပ်ရင်လုပ်မှာပဲလို့သူတို့ပြောပြီးသားဖြစ်တယ်" ဟု ပြောကြားသည်။
AA အဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ရက်နေ့က ရွှေပြည်တန်ဘတ်စ်ကားပေါ်တွင် လိုက်ပါစီးနင်းလာသော မီးသတ်တပ်ဖွဲ့ဝင် ၁၉ဦးနှင့် အေးရှားဝေါကုမ္ပဏီမှဝန်ထမ်း ၈ဦးအပါအဝင် အရပ်သား ၃၁ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
တပ်မတော်အနေဖြင့် ဖမ်းဆီးခံထားရသည့် အရပ်သား ၃၁ဦးကိုလိုက်လံရှာဖွေနေဆဲဖြစ်ပြီး အဆိုပါကိစ္စကိုတပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
AA အဖွဲ့သည် ရန်ကုန် - စစ်တွေ ကားလမ်းမတစ်လျှောက်တွင် မိုင်းထောင်၊မိုင်းခွဲခြင်း၊ပြီးခဲ့သည့်သုံးလေးလခန့်ကလည်း ICRCယာဉ်တန်းကို ပစ်ခတ်ခြင်းနှင့် တ ချို့မော်တော်ယာဉ်များကိုမီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေသည်ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်၌ လုပ်ကြံသတ်ဖြတ်မှုများလည်း မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိပြီး အများစုမှာ လက်သည် မပေါ်ဘဲ တရားခံပျောက်ဆုံးနေသည်။ လုပ်ကြံသတ်ဖြတ်ခံရသူများထဲတွင် ရဲတပ်ဖွဲ့ဝင်များစစ်မှုထမ်းဟောင်းများနှင့် နိုင်ငံရေးပါတီဝင်များလည်းပါဝင်သည်။ လွှတ်တော်ကိုယ်စားလှယ်များကမူ တရားဥပဒေစိုးမိုးမှု လွန် စွာအားနည်းနေသည်ဟု ထောက်ပြသည်။
တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရသေဆုံးမှုများရှိနေသလို စစ်ဘေးရှောင်ဦးရေမှာလည်း ၇၀,၀၀၀ ဝန်းကျင်ရှိနေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းများအရသိရှိရပါသည်။
<<Zawgyi>>
AA အဖွဲ့၏လုပ်ဆောင်မှုများသည် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပျက်ပြားစေနိုင်ကြောင်း တပ်မတော်ပြောကြား
Wednesday, October 16, 2019

0 comments:

Post a Comment