Thursday, September 5, 2019

တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8) လေယာဉ်ပြေးလမ်းဘီးချော်မှုဖြစ်ပွား၊ လူနှင့်လေယာဉ် ထိခိုက်ပျက်စီးမှုမရှိ၊ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိ

Image may contain: sky, airplane, cloud and outdoor

တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8) လေယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းတွင် လေ့ကျင့်ပျံသန်းမောင်းနှင်မှုများပြုလုပ်ရန်အတွက် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ စတင် ထွက်ခွာစဉ် လေယာဉ်ပြေးလမ်းဘီး ချော်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လေယာဉ်မှူး ဦးစီး၍ အဖွဲ့ဝင် ၆ ဦးပါ (Y-8) လေယာဉ်သည် ညောင်တုန်း အနောက်ဘက်ခြမ်းသို့ လေ့ကျင့်ပျံသန်းမောင်းနှင်ရန်အတွက် နံနက် ၁၀ နာရီ ခွဲခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေယာဉ်ပြေးလမ်းအမှတ်( ၂၁) မှ စတင်ပျံသန်းစဉ် လေယာဉ်၏ N0.1 အင်ဂျင်ပန်ကာ ရှေ့ဆွဲအားလျော့ကျပြီး တစ်ဘက်သို့ဆွဲသွားကာ ပြေးလမ်း၏ ပေ ၂၃၀၀ ခန့်တွင် ဘယ်ဘက်သို့ လေယာဉ် ဘီးချော်၍ မြေကျွံမှုဖြစ်ပွားခဲ့ပြီး လူနှင့်လေယာဉ် ထိခိုက်ပျက်စီးမှုမရှိကြောင်း နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment