Thursday, September 5, 2019

မူဆယ်မြို့နယ်ရွှေသမင်ဂေါက်ကလပ်အား KIO ထံဆက်ကြေးငွေ ကျပ်သိန်း ၂၆၀ ကျပ်ပေးဆောင်ရန် စာပို့


KIO တောင်ပိုင်းတိုင်း အမှတ် ၄ တပ်မဟာမှ ရထိုက်ကုမ္ပဏီဟုဆိုကာ သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင်းရှိ ရွှေသမင်ဂေါက်ကလပ်အား ဆက်ကြေးငွေ ကျပ်သိန်း ၂၆၀ ကျပ်အား သြဂုတ်လမတိုင်မီ လာရောက်ပေးဆောင်ရန်စာပေးပို့တောင်းခံထားကြောင်း သတင်းရရှိသည်။

ရွှေသမင်‌ဂေါက်ကလပ်လုပ်ငန်းသို့ ဆက်ကြေးငွေပေးဆောင်ရန်ပေးပို့သည်စာစောင်ထဲတွင် KIO တောင်ပိုင်းတိုင်း အမှတ် ၄ တပ်မဟာမှ အမှတ် ၆ တပ်မဟာ ဒေသအတွင်းရှိ ဘဏ်များ ကုမ္ပဏီများ ၊စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်ကောက်ခံခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပြီး ရွှေသမင်ဂေါက်ကလပ်လုပ်ငန်းသည် KIO ၏တောင်ပိုင်းတိုင်း အမှတ် ၆ တပ်မဟာနယ်မြေအတွင်းတည်ရှိသည်ဖြစ်၍ KIO မှသက်မှတ်ထားသည့် စည်းကြပ်ခွန် ကျပ်သိန်း၂၆၀ ကျပ်အား ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မတိုင်မှီ အခွန်ကောက်ဌာနသို့ မပျက်မကွက်သွားရောက်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရပါသည်။
မှတ်ချက်အနေဖြင့် ပျက်ကွက်ပါက အရေးယူမည်ဖြစ်ကြောင်း နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် ဝ၉၄၇၁၂၉၁၀၄ ၊ ဝ၉၇၇၆၂၈၆၉၃၅ နှင့် တောင်ပိုင်းတိုင်း အမှတ် ၄ တပ်မဟာ၏ အကောက်ခွန်ဌာနမှူးမှလက်မှတ်ရေးထိုးပြီး၂၀၁၉ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က ဆက်ကြေးငွေတောင်းခံခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment