Thursday, September 5, 2019

ဆေးဝါးစက်ရုံ (အင်းစိန်) BPI မှ နှစ်စဉ်မြွေဆိပ်ဖြေဆေးအလုံးပေါင်း ၁၅၀ဝ၀ဝ ထုတ်လုပ်မည်

Image may contain: sky and outdoor

ကျေးလက်ဒေသများ၌ သာမန်အပူချိန်တွင် ထားရှိနိုင်သော မြွေဆိပ်ဖြေဆေး အေးခဲခြောက်များကို ရန်ကုန်မြို့ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ နှစ်စဉ်ဆေးအလုံးပေါင်း ၁၅၀ဝ၀ဝ ထုတ်လုပ်မည်ဖြစ်ကြောင်းနှင့် အဆိုပါဆေးဝါးများ တိုးမြှင့်ထုတ်လုပ်နိုင်မှုကြောင့်ြွေမပွေး၊ြွေမဟောက် အပါအဝင် တခြားအဆိပ်ရှိသတ္တဝါများ၏အန္တရာယ်မှ အချိန်မီကာကွယ်နိုင်၍ သေဆုံးမှုသိသာစွာ လျော့နည်းလာကြောင်းဆေး ဝါးစက်ရုံ (အင်းစိန်) BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်၏ပြောပြချက်အရ သိရသည်။

“ဆေးဝါးစက်ရုံ (အင်းစိန်) BPI ကနေ နှစ်စဉ် မြွေပွေးနဲ့မြွေဟောက် မြွေဆိပ်ဖြေဆေးအလုံးပေါင်း ၁၅၀ဝ၀ဝ ထုတ်လုပ် ဖို့စီစဉ်ထားပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နှစ်စဉ် ဆေးအလုံးပေါင်း ၁၂၀ဝ၀ဝ ကျော်ကနေ ၁၃၀ဝ၀ဝ ဝန်းကျင်အထိ လိုအပ်ချက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ကျန်တဲ့ဆေးအလုံးပေါင်း ၂၀ဝ၀ဝ ကတော့ တခြားအဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေအရ အရန်အနေနဲ့ထုတ်လုပ်တာပါ။ အခု နောက်ပိုင်း မြွေဆိပ်ဖြေဆေးတွေက အရင်လိုအအေးခန်းတွေ၊ ရေခဲသေတ္တာတွေနဲ့ သိုလှောင်သိမ်းဆည်းထားစရာမလိုဘဲ သတ်မှတ်အပူချိန်မှာပဲထားနိုင်တယ်” ဟု ဒေါက်တာအောင်ဇော်ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ မြင်းသွေးကို အဓိကအခြေခံကာ ထုတ်လုပ်သောြွေမပွေး(Viper) နှင့်ြွေမဟောက်(Cobra) အဆိပ်ဖြေဆေးကို ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆေးအလုံးပေါင်း ၁၂၀ဝ၀ဝ ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆေးအလုံးပေါင်း ၁၂၃၀ဝ၀ ဝယ်ယူခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြွေဆိပ်ဖြေဆေးအလုံးပေါင်း ၁၅၀ဝ၀ဝ ထုတ်လုပ်နိုင်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဆေးအလုံး ပေါင်း ၁၃၀ဝ၀ဝ ဝယ်ယူခဲ့သည်။
ယခုအခါ မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုသည် ပြည်တွင်းလိုအပ်ချက်ကို လုံလောက်စွာထုတ်လုပ်ပေးနိုင်ပြီး ဈေးကွက်ချဲ့ထွင်မှုအဖြစ် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် မြွေဆိပ်ဖြေဆေး အလုံးပေါင်း ၅၀ဝ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment