Friday, September 6, 2019

အမ်းမြို့၌ ဆေးခြောက် ၄ ကီလို သိမ်းဆည်းရမိမှု

Image may contain: people sitting

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ၂၁၀၀ အချိန် အမ်းမြို့၊ ဈေးရပ်ကွက်၊ ကားကြီးဝင်းရှိ “အောင်သစ္စာ”ကားဂိတ်၌ အမျိုးသား ၁ ဦးသည် ညို/ဝါရောင် အရွက်ခြောက်များပါသည့် မသင်္ကာဖွယ် ဆာလာအိတ် ၁ လုံးအား လာရောက်ပေးပို့နေကြောင်း သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ အောင်ဝင်း (၂၇)နှစ်အား တွေ့ရှိပြီး ၎င်းယူဆောင်လာသည့် လက်ခံအမည်/ လိပ်စာမပါသော ဆာလာအိတ်အတွင်းမှ စက္ကူဗူးဖြင့်ထည့်ထားသည့် ဆေးခြောက် ၄ ကီလိုအား သိမ်းဆည်းရမိခဲ့သဖြင့် အောင်ဝင်း(၂၇)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးမှ သတင်းရရှိပါသည်။

0 comments:

Post a Comment