Thursday, September 5, 2019

ဒေါပုံမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စက်တင်ဘာလ ၃ ရက်နေ့ ၂၃၅၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဒေါပုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်နေ ချမ်းသာစိုးစံ(၂၃)နှစ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်းအတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲနေသော ချမ်းသာစိုးစံ နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးရပ်ကွက်နေ သန်းထိုက်အောင်(ခ)ဖိုးသား(၁၉)နှစ်တို့ပါ ၁၂ ဦး(ကျား ၈၊ မ ၄)အား တွေ့ရှိရပြီး ချမ်းသာစိုးစံ ၏ လွယ်အိတ်အတွင်းမှ ICE ၈၈၀ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ၇ဝ၄ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၅ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၁၅.၅ သိန်း)၊ မြန်မာငွေ ၂၁၅၉၀၀ ကျပ်၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၅ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဒေါပုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာဥပဒေအရအရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိပါသည်။

အလားတူ စက်တင်ဘာလ ၄ ရက်နေ့ ၁၉၃၀ အချိန် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်တောခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာနေ အီနူး၏နေအိမ်သို့ မောင်တောမြို့မရဲစခန်း မယ(ပ)၂၉/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁အမှုမှ ကွင်းဆက်တရားခံ မောင်တောမြို့၊ မြို့မ(တောင်)ရပ်ကွက်နေ ဟာရုံး(၂၅) နှစ်ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ ဟာရုံး အားတွေ့ရှိရပြီး ၎င်း၏ဝဲ/ယာပေါင်တို့တွင် စွပ်ထားသော ဒူးစွပ်များအတွင်း ပလပ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၂၅ သိန်း)နှင့် စိတ်ကြွဆေး အကြေမှုန့် ၈ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၁.၆ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မောင်တော မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။
Image may contain: one or more people and text

0 comments:

Post a Comment