Thursday, September 5, 2019

ထိုင်းနိုင်ငံ၌ အပူပိုင်းမုန်တိုင်းပိုဒူ တိုက်ခတ်ရာ လူ ၁၄ ဦးသေဆုံး


အပူပိုင်းမုန်တိုင်းပိုဒူသည် ထိုင်းနိုင်ငံရှိ ပြည်နယ် ၂၆ ခုကို ဝင်ရောက် တိုက်ခတ်ခဲ့ရာ ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားပြီး ယခုအချိန် အထိ သေဆုံးသူ ၁၄ဦးရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၃ ရက်အထိ အပူပိုင်းမုန်တိုင်း ပိုဒူဝင်ရောက်တိုက်ခတ်ခဲ့ရာ မိသားစုပေါင်း ၆၀၉၁၄ ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ရကြောင်း ထိုင်းနိုင်ငံ သဘာဝ ဘေးအန္တရာယ် ကာကွယ် တားဆီးရေးနှင့် လျော့ပါးရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ချာရာပိုတီတီဆက်ခ်က ပြောသည်။ အဆိုပါဌာန၏ စက်တင်ဘာ ၄ ရက်ထုတ်ပြန်ကြေညာ ချက်တွင် အမ်နက်ချာရွန်းဒေသတွင် လူနှစ်ဦးပျောက်ဆုံးလျက်ရှိ ပြီး ချိုင်ယာဖန်ဒေသတွင် လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိ ရသည်။
အမ်နက်ချာရွန်းဒေသတွင် လူလေးဦးသေဆုံးကြောင်း အတည်ပြုခဲ့ပြီး ခွန်ခမ်ဒေသတွင် သုံးဦးသေဆုံးကာ ရှိုင်အက်နှင့် ဖီချစ်ဒေသများတွင် နှစ်ဦးစီ၊ အူဗွန်ရာချက်နိုင်းဒေသနှင့် ပိသန် နူလော့ခ်နှင့် မက်ခ်ဒါဟန်ဒေသတို့တွင် တစ်ဦးစီသေဆုံးကြောင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် လျော့ပါးရေး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ချာရာပိုတီတီ ဆက်ခ်က အိမ်ပေါင်း ၃၈၁၈ လုံး၊ ကျောင်းနှင့် အခြားအဆောက် အအုံပေါင်း ၂၆၄ ခု၊ ဆေးရုံ၊ ဆေးခန်းပေါင်း ၅၇ ခုတို့ ရေကြီးမှု ကြောင့် ပျက်စီးခဲ့ကြောင်း ပြောသည်။
ထို့အပြင် စိုက်ပျိုးမြေပေါင်း ၁၀၅၉၅၂ ဟက်တာနှင့် မွေးမြူ ရေးလုပ်ငန်းပေါင်း ၆၇၅၅၈၆ ခု ပျက်စီးခဲ့ကြောင်း၊ အဆိုပါ အပူပိုင်းမုန်တိုင်းသည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ၁၃ ပြည်နယ်နှင့် မြောက်ပိုင်းရှစ်ပြည်နယ်တို့ကိုဝင်ရောက်တိုက် ခတ်ခဲ့ရာ ယခုအချိန်အထိ ပြည်နယ်ခုနစ်ခုတွင် ရေဘေးဒုက္ခများ ခံစားနေရပြီး လူပေါင်း ၁၁၁၈ ဦးကို ပြောင်းရွှေ့ထားကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့်လျော့ပါးရေး ဌာန၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ထို့အပြင် နောက်ထပ် အပူပိုင်းမုန်တိုင်းတစ်ခုဖြစ်သည့် ကာဂျီကီ သည်လည်း ထိုင်းနိုင်ငံသို့ ဦးတည်လျက်ရှိကြောင်း မိုးလေ၀သ ဌာနက ပြောကြားထားပြီး ယင်းမုန်တိုင်းကြောင့် မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းကျရောက်ခြင်းများ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်း ထားသည်။ သက်ဆိုင်ရာအာဏာပိုင်များက နောက်ထပ်လာမည့် အပူပိုင်းမုန်တိုင်းသည် ယခင်က တိုက်ခတ်ခဲ့သည့် အပူပိုင်း မုန်တိုင်းထက် ရေကြီးရေလျှံမှု ပိုမိုဖြစ်ပွားနိုင်ကြောင်း ဆင်ဟွာမှ သိရသည်။

0 comments:

Post a Comment