Tuesday, August 13, 2019

မြန်မာနိုင်ငံ သတင်းစာထုတ်ဝေသူများနှင့် ပတ်လည်ပုံနှိပ်စက်လုပ်ငန်းရှင်များအသင်းမှတ်ပုံတင်ခွင့် DICA ခွင့်ပြု

No photo description available.
မြန်မာနိုင်ငံ သတင်းစာထုတ်ဝေသူများနှင့် ပတ်လည် ပုံနှိပ်စက်လုပ်ငန်းရှင်များ အသင်းမှတ်ပုံတင်ခွင့်လိုင်စင်ကို ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ( DICA ) က ၂၀၁၉ ခုနှစ်သြဂုတ် ၈ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ကြောင်း အဆိုပါအသင်းဖွဲ့စည်းတည်ထောင်သူများက ပြောသည်။

အဆိုပါအသင်းသည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက သတင်းစာထုတ်ဝေသည့်လုပ်ငန်းများ၊ သတင်းစာစက္ကူ တင်သွင်းမူလုပ်ငန်းများ၊ ရောင်စုံပုံနှိပ်လုပ်ကိုင်နေသည့် လုပ်ငန်းကဏ္ဍနယ်ပယ်အသီးသီးတွင် ပါဝင်သူများဖြင့် စုဖွဲ့ထားပြီး မြန်မာနိုင်ငံ၏ ပုဂ္ဂလိကမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။
“ အသင်းက တရားဝင်တည်ထောင်ခွင့်ရပါပြီ ။ ကျွန်တော်တို့အနေနဲ့ကတော့ ပုဂ္ဂလိကမီဒီယာတွေဖွံ့ဖြိုးတိုးတက်ရေးအတွက်မီဒီယာလုပ်ငန်းကဏ္ဍနယ်ပယ်အသီးသီးမှာပါဝင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ပါဒါတွေအားလုံးကို ကိုယ်စားပြုပါတယ်” ဟု စံတော်ချိန်သတင်းစာထုတ်ဝေသူ ဦးကိုကိုလေး က ပြောသည်။
လက်ရှိအချိန်တွင် ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ များတရားဝင်ရွေးချယ်သတ်မှတ်ထားခြင်းမရှိသေးဘဲ အသင်း၏ လုပ်ငန်းအသေး စိတ်များကို မကြာမီအချိန်တွင် သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်းသိရသည်။
သတင်း - ကျော်သက်အောင် / စံတော်ချိန်

0 comments:

Post a Comment