Wednesday, August 7, 2019

မြန်မာတိုင်းမ်ဂျာနယ် CEO ဟောင်းပါ အမျိုးသား နှစ်ဦးကို ထောင်ဒဏ် ၁၃နှစ်၊ အမျိုးသမီး ၅ဦးကို ထောင်ဒဏ် ၁၁နှစ် ချမှတ်

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံရသူ မြန်မာတိုင်းမ်ဂျာနယ် CEO ဟောင်းပါ အမျိုးသား နှစ်ဦးကို ထောင်ဒဏ် ၁၃နှစ်၊ အမျိုးသမီး ၅ဦးကို ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်ပါတယ်။ 

မစ္စတာ ရော့စ်ဒန်ကလေ ပါ အမျိုးသား ၂ဦးကို ၁၉(က)အရ ထောင်ဒဏ် ၁၃နှစ်၊ အမျိုးသမီး ၅ဦးကို ၁၉(က)/၂၁အရ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။     
အမှုဖြစ်စဉ်မှာ၂၀၁၈ ခုနှစ် ၊ ဇွန် ၆ ရက်  ည ၉ နာရီခန့်က ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ပါ ပူးပေါင်းအဖွဲ့ဟာ မူးယစ်ဆေးဝါးသတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ စမ်းရေတွင်းလမ်း၊ အမှတ်(---) နေ သြစတြေးလျနိုင်ငံသား မစ္စတာရော့စ်ဒန်ကလေရဲ့ နေအိမ်ကိုရှာဖွေရာ ၄င်းနဲ့အတူ နေအိမ်တွင်းရှိ ဗြိတိန်နိုင်ငံသားMr. Mckenzie John gavin(၆၃)နှစ် အပါအဝင် ရဦးကို တွေ့ရှိခဲ့ကြောင်း၊ နေအိမ်အပေါ်ထပ်ရှိ အိပ်ခန်းနဲ့ မြေအောက် ခန်းရှိ အိပ်ခန်းအတွင်းတို့မှ အိုက်စ်  ၃၁၃ ဂရမ်၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၇၉၇ ပြား၊ ဆေးခြောက် ၁၆ ဒသမ  ၅ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၁၉ ဂရမ်၊ စိတ်ကြွဆေးမှုန့် ၂ ဂရမ်၊ ဘိန်းဖြူ ၅ ဒသမ ၁ ဂရမ်၊ ဘိန်း ဆီခဲ ၆ ဂရမ်၊မူးယစ်ဆေးဝါးနဲ့ဆိုင်တဲ့ ဆက်စပ်ပစ္စည်းများ။
ဟောင်ကောင်ဒေါ်လာ ၄၄၀ ဒေါ်လာ၊ အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ၊ ယူရိုငွေ ၅ ဒေါ်လာ၊ ထိုင်းငွေ ၃၆၃၀ ဘတ်၊ ဗီယက်နမ်ငွေ ၆၄၀၀၀ ဒေါင်၊ ကမ္ဘောဒီးယားငွေ ၃၀၀၀ ရီရယ်၊ အင်္ဂလန်ငွေ ၆၀ ပေါင်၊ ကနေဒါငွေ ၁၃၅ ဒေါ်လာ နှင့် မြန်မာငွေ (၁၃၉၀၀၀)ကျပ်၊လက်ကိုင်ဖုန်း ၁၀ လုံး၊ မော်တော်ယာဉ် တစ်စီးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေသိရပါတယ်။
ဖမ်းမိခဲ့တဲ့ သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေမှာ ယခင်က မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ် CEO ဟောင်း တစ်ဦး ဖြစ်ပါတယ်။    
ယင်းမူးယစ်ဆေးဝါးတွေ့ရှိမှုနဲ့ပတ်သက်ပြီး မစ္စတာ ရော့စ်ဒန်ကလေပါ၇ ဦးအား ဗဟန်းမြို့မရဲစခန်းမှ မယ(ပ)၄၂/၂၀၁၈ ၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူခဲ့ပါတယ်။
အဆိုပါအမှုကို ၂၀၁၈ ခုနှစ် ဇူလိုင် ၆ ရက်မှာ အနောက်ပိုင်းခရိုင်တရားရုံးမှာ  ရော့စ်ဒန်ကလေပါ ရဦးကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ နဲ့ တရားစွဲတင်ခဲ့ပါတယ်။

နှင်းနှင်း
Kumudra

0 comments:

Post a Comment