Sunday, August 18, 2019

ပညာရေးဘွဲ့နှင့် ပတ်သက်၍ တိကျသည့် မူဝါဒများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်

Image may contain: 5 people, people standing and outdoor
ပညာရေးဘွဲ့ဖြစ်သည့် B.A(Edu;)၊B.Sc(Edu;) နှင့် ပတ်သက်၍ တိကျသည့် မူဝါဒများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် မန္တလေးပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ က ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်ခဲ့သည် ။

အဆိုပါ လှုပ်ရှားမှုကို ပညာရေးကောလိပ်/တက္ကသိုလ် (၂၂) ခု တွင် ဖဲကြိုးစိမ်းရက်သတ္တပတ် လှုပ်ရှားမှု အဖြစ်သတ်မှတ်၍ သြဂုတ်လ (၁၉) ရက်နေ့ကစတင်၍ တစ်ရက်လျှင် ၂ ကျောင်းနှုန်းဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ က သိရသည် ။
``ဝန်ကြီးဌာနက B.A(Edu;)၊B.Sc(Edu;) ဘွဲ့အတွက် သင်တန်းတွေ ဖွင့်ပေးမယ်ပြောတယ်။ ဒါပေမယ့် တစ်နှစ်ကြာပြီ။ ခုချိန်ထိ ဘွဲ့အရည်အသွေး၊ အာမခံမှု၊ တိကျတဲ့ မူဝါဒတွေကို ထုတ်ပြန်မပေးနိုင်သေးဘူး။ တက်ရောက်ရမယ့်ကာလ၊သင်တန်းအချိန် လူဦးရေဘယ်လောက်ခေါ်မယ်၊ ဘယ်လိုခေါ်မယ်၊ဘယ်လိုကန့်သတ်မယ်ဆိုတာမသိရသေးဘူး။ ဒီဘက်က ကျောင်းသားတွေက အဝေးသင်ပဲတက်ရမလား အဲဒီသင်တန်းကိုပဲစောင့်ရမလားဆိုတာ ဝေခွဲမရဖြစ်နေတယ် ။´´ ဟု ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုညီညီဇင်ကပြောသည်။
ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ အနေဖြင့် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်မည့် B.A(Edu;)၊B.Sc(Edu;) သင်တန်းများနှင့် ပတ်သက်၍ တိကျသော မူဝါဒများ၊ အချက်အလက်များထုတ်ပြန်ပေးရန်၊အခြေခံပညာမှ အဝေးသင်တက်ရောက်ရာတွင် လုံလောက်သော ခွင့်ရရှိရန်၊ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများအပေါ် ဖိနှိပ်မှုရပ်တန့်ရန် စသည့်အချက် (၃) ချက်ကို တောင်းဆို ခဲ့ကြသည် ။
ထို့အပြင် အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ပညာရေးကောလိပ်ဆင်း ဆရာ၊ ဆရာမများ အတွက် အဝေးသင် ဝိဇ္ဇာ၊သိပ္ပံသင်တန်းများတက်ရောက်ရာတွင် ခွင့်ကို တိကျလုံလောက်သည့် ကာလသတ်မှတ်ပေးရန်နှင့် အဝေးသင်တက်ရောက်နေသည့် ကာလများတွင် လစာဖြတ်တောက်ခြင်းများမပြုလုပ်ရန်ကိုလည်း တောင်းဆိုထားသည် ။
Image may contain: 3 people, people standing and outdoor
No photo description available.
Image may contain: 2 people, people smiling, outdoor
Image may contain: outdoor and nature

0 comments:

Post a Comment