Monday, August 12, 2019

ထပ်မံပြိုနိုင်သော မလတ်တောင်ဝန်းကျင်နေရာများကို ကင်းချ စောင့်ကြည့်နေ ပညာရှင်များကို ရက်ပိုင်းအတွင်း လွှတ်ပေးမည်ဟု ဒုတိယသမ္မတပြောကြား

ပေါင်မြို့နယ် မလတ်တောင်ဝန်းကျင်ဒေသ၌ ထပ်မံပြိုကျနိုင် သည့် အခြေအနေများရှိနေသောကြောင့် တောင်ဘေး ပတ်ဝန်းကျင် ဧရိယာကို ဇုန်သုံးခုခွဲကာ တစ်ဖွဲ့လျှင် ၃၅ ဦးပါ စောင့်ကြည့်အဖွဲ့ဖွဲ့၍ ကင်းစောင့်နေကြောင်း မွန်ပြည်နယ်မီးသတ်ဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဦးတင်ဦးက ပြောသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်းမဘေးရှိ ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာနှင့်ကပ်လျက် မလတ်တောင်သည် ဩဂုတ် ၉ ရက် နံနက် ၇ နာရီခန့်က ပြိုကျပြီး လူသေဆုံးမှုနှင့် ပျောက်ဆုံးမှုများဖြစ်ပေါ်ခဲ့သည်။ မလတ်တောင်ဝန်းကျင်ကို ဒရုန်းဖြင့် ဓာတ်ပုံမှတ်တမ်းယူ၍ စစ်ဆေး ရာ ထပ်မံပြိုကျနိုင်မည့်အနေအထားများရှိနေသည်ဟု မီးသတ်ဦးစီးဌာန တာဝန်ရှိသူနှင့် ပေါင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
‘‘ထပ်ပြီး ပြိုနိုင်မယ့်အခြေအ နေလေးတော့ သိထားတယ်။ သိ ထားတဲ့အတွက် ကျွန်တော်တို့ အဖွဲ့လိုက် လုပ်နေတဲ့အပိုင်းမှာ အဖွဲ့သုံးဖွဲ့ဖွဲ့ပြီး လုပ်ထားတယ်။ A ဇုန်၊ B ဇုန်၊ C ဇုန်ဆိုပြီး အပိုင်း သုံးပိုင်းခွဲလုပ်နေတယ်။ လုပ်တဲ့ အဖွဲ့က လုပ်နေသလိုပဲ အခြေ အနေကို စောင့်ကြည့်နေတဲ့အဖွဲ့ လည်းရှိတယ်။ အခြေအနေကို စောင့်ကြည့်တဲ့ကင်းတစ်ယောက် စီထားတယ်။ ထူးခြားမှုရှိရင် ပြို သွားတာတို့၊ ဘာတို့ဖြစ်ရင် ဟို ဘက်လှမ်းသတင်းပို့တယ်။ ရှာ ဖွေကယ်ဆယ်လုပ်တဲ့သူက လုပ် သလို ထပ်ပြိုလာရင် ကင်းစောင့် ကြည့်နေပါတယ်’’ ဟု ဦးတင်ဦး က ပြောသည်။
ဒရုန်းဖြင့် ဓာတ်ပုံမှတ်တမ်း တင်ခဲ့စဉ်က ရသည့်အချက်အ လက်များအရ တောင်မြေသည် ပြိုကျနိုင်သည့် အခြေအနေကို တွေ့မြင်ရသည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ Drone Team အဖွဲ့ဝင်၊ မြန်မာနိုင်ငံအဝေးထိန်း လေယာဉ်တည်ဆောက်ပျံသန်း သူများအဖွဲ့ဥက္ကဋ္ဌဦးဝင်းနိုင်က ပြောပြသည်။
ဒရုန်းဖြင့် ရိုက်ထားသော ပုံများကို သဲဖြူကုန်းကျေးရွာသို့ ဒုတိယအကြိမ်ရောက်လာသော ဒုတိယသမ္မတဦးဟင်နရီဗန်ထီး ယူကိုပြသရာ ပြည်ထောင်စုအ ဆင့်မှ ပညာရှင်အဖွဲ့တစ်ဖွဲ့ရက် ပိုင်းအတွင်း စေလွှတ်ပေးမည်ဟု ပြောကြောင်း ပေါင်မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။
‘‘ကျွန်မတို့က ဖြစ်နိုင်ခြေရှိ တဲ့ဟာကို ဒရုန်းနဲ့ရိုက်ပြထား တယ်။ ဖြစ်နိုင်ခြေရှိတဲ့ဟာကို အ သေးစိတ်သူ့ကိုပြတယ်။ ကျောက် တွေထဲမှာ အက်ကြောင်းရှိလား၊ ကွဲနေလားဆိုတာ သူတို့ပညာရှင် တွေကို လွှတ်ပေးမယ်။ ပြည် ထောင်စုအဆင့်နဲ့ လွှတ်ပေးမယ်။ မနက်ဖြန်ရက်ပိုင်းအတွင်း လွှတ် ပေးမယ်။ အဲဒီလူတွေက လာ ကြည့်ပြီးရင် ဖြစ်နိုင်တယ်ဆိုရင် ဘယ်လိုဖြိုမလဲ၊ ဘယ်လိုလုပ်မ လဲဆိုတာ၊ ဘယ်လိုဖျက်ချမလဲ ဆိုတာလုပ်ပေးမယ်။ အန္တရာယ် ရှိရင် ဒီအတိုင်းထားလို့မရဘူး။ အဲဒါကို လုပ်ပေးဖို့ ညွှန်ကြားသွား တယ်’’ ဟု ၎င်းကပြောသည်။
‘‘တောင်က ကျွန်မတို့ရိုက် ကြည့်တော့ အတွင်းထဲမှာ အက် ကြောင်းလိုက်နေသလို ဖြစ်နေ တယ်။ တောင်က ရေလှောင်သ လို ချိုင့်လိုဖြစ်သွားတယ်။ ကျောက်တွေချည်းပဲ ဖြစ်နေတာ မဟုတ်ဘူး။ တောင်က ပေ ၃၀၀ လောက်ရှိနေတော့ မိုးရွာလိုက်ရင် လမ်းပေါ်ရောက်မယ်။ ဒီဟာက ဒဏ်ရာဖြစ်သွားပြီလေ’’ ဟု မိကွန်ချမ်းက ဆက်လက်ပြောသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ‘‘ဒီတောင် တန်းတစ်ခုလုံးကို နည်းပညာအ သစ်တွေနဲ့ ရှာမယ်။ ဖြစ်နိုင်လား၊ မဖြစ်နိုင်လား နည်းပညာတွေနဲ့ ရှာမယ်။ ဘယ်နေရာ ဘာဖြစ်နိုင် လဲဆိုတာ တောင်တန်းတစ်ခုလုံး ဆက်ရှာဖွေသွားမယ်။ အချိန်အ တိအကျတော့ မပြောနိုင်ဘူး’’ ဟု ဆိုသည်။
ပြိုကျသည့်တောင်ထိပ်တွင် တည်ထားသော မလတ်စေတီကို အစွဲပြု၍ မလတ်တောင်ဟု အ မည်တွင်ခြင်းဖြစ်ပြီး ယင်းတောင် သည် ပေါင်မှ မုတ္တမအထိ သွယ် တန်းနေသော ကုလားမတောင် တန်း၏ အစိတ်အပိုင်းဖြစ်သည်။ ဩဂုတ် ၁၀ ရက်နံနက်က တောင် ၏ ပေ ၃၀၀ ခန့်အမြင့်နေရာမှ ပြို ကျခဲ့ရာ ပြိုကျသည့်ဘက်ခြမ်းရှိ နေအိမ်များ၊ ကားများနှင့် စား သောက်ဆိုင်အချို့ကို တိုက်စား သွားခဲ့သည်။ ယင်းဖြစ်စဉ်တွင် သေဆုံးသူရုပ်အလောင်း ၆၄ လောင်း ရှာဖွေတွေ့ရှိထားပြီး ဆက် လက်ရှာဖွေနေဆဲဖြစ်သည်။
7Day

0 comments:

Post a Comment