Thursday, August 8, 2019

၇၁ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ဒီမော့ဆိုမြို့နယ်တွင် ပြုလုပ်

ဒီကနေ့ သြဂုတ် ၉ ရက်နေ့ကျရောက်တဲ့ ၇၁ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် မြလဲ (ခ) မန်းလားကျေးရွာမှာ ကျင်းပြုလုပ်ပါတယ်။

ဒီအခမ်းအနားမှာ ကရင်နီအမျိုးသားအလံတော်ကို အလေးပြုတာတွေ၊ ကျဆုံးသွားတဲ့ အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီးတွေကို အလေးပြုတာတွေနဲ့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းတွေကို ဟောပြောခဲ့ပါတယ်။
ဒါ့အပြင် ကရင်နီ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ဖိတ်ကြားထားတဲ့ မဟာမိတ်အဖွဲ့အစည်းတွေက သဝဏ်လွှာတွေကို ဖတ်ကြားတာတွေနဲ့ တော်လှန်ရေးကာလတွင်း ကျဆုံးသွားသူတွေကို ဂုဏ်ပြုတာတွေ ပြုလုပ်ခဲ့ပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အနေနဲ့ ကရင်နီအမျိုးသားတို့ရဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေကို စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကနေဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အရေးဆို ဆောက်ရွက်နိုင်ရေး ကြိုးစားနေပေမယ့် တရားမျှတမှုကို အခြေခံတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ များစွာ အလှမ်းနေဝဆဲဖြစ်တယ်လို့ ဒီကနေ့ ကျရောက်တဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့မှာ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ကေအန်ပီပီအနေနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလမ်းကြောင်းကနေတဆင့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး နိုင်ငံရေးဆွေးနွေးမှုတွေကို ကြိုးပမ်းတည်ဆောက်တဲ့နေရာမှာ အောင်မြင်မှုရရှိဖို့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်စေုအစိုးရ၊ တပ်မတော်နဲ့ ပြည်နယ်အစိုးရတို့ရဲ့ သဘောထားကြီးမှု၊ တန်းတူရည်တူ အသိအမှတ်ပြုမှုနဲ့ အပြန်အလှန် လေးစားမှုတို့ဟာ လွန်စွာအရေးကြီးကြောင်း ဖော်ပြပါတယ်။
လက်ရှိအချိန်မှာ ပြည်ထောင်စုအစိုးရက ကမကထပြု ဖော်ဆောင်နေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ဆောလျင်စွာ ပါဝင်လက်မှတ်ရေးထိုးဖို့ ကေအန်ပီပီကို ကမ်းလှမ်းတိုက်တွန်းထားပါတယ်။
အစိုးရ၊ တပ်မတော်အနေနဲ့ ဒီကမ်းလှမ်းမှုနဲ့အတူ တဖက်မှာ လက်မှတ်ရေးထိုးနိုင်တဲ့ နိုင်ငံရေးအခြေအနေ အခင်းအကျင်းတွေကို ချမှတ်ဆောင်ရွက်ပေးဖို့နဲ့ ကရင်နီပြည်နယ်အတွင်း ဖြစ်နေတဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
ကရင်နီသမိုင်းမှတ်တမ်းတွေအရ ၁၉၄၈ သြဂုတ် ၉ ရက်နေ့ မနက် ၄ နာရီအချိန်မှာ ဖဆပလ အစိုးရတပ်တွေက သီးခြားလွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီရုံးစိုက်ရာ မြလဲကျေးရွာကို ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ခုလို ကရင်နီအမျိုးသားတွေရဲ့ ခုခံတော်လှန်ရေးနေ့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
DVB

0 comments:

Post a Comment