Monday, August 12, 2019

လောင်းလုံးမြို့ နယ် ညင်းမော်ကျေးရွာတွင် ကလေးများအား အားဆေးတိုက်ကျွေးရာမှ အဆိပ်သင့်မှုဖြစ်ပွား

တနသာင်္ရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ နယ်ရှိ ညင်းမော်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ကလေးငယ်များအား အားဆေးတိုက်ကျွေးရာမှ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း ဇမ္ဗူသီရိ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

အဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့် ကလေးငယ်ဦးရေမှာ လက်ရှိရရှိထားသော သတင်းများအရ ၂၀ ကျော်ခန့်ရှိပြီး လောင်းလုံးမြို့ နယ် ဆေးရုံသို့ ပို့ဆောင်နေကြောင့်း သိရသည်။

လက်ရှိတွင် ကလေးငယ်များ အဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့်နေရာသို့ ဒေသတွင်းရှိ လူမှုကူညီရေး အသင်းများ သွားရောက်နေကြောင်း သိရသည်။

ဖြိုးဇင်
Eleven Media Group

0 comments:

Post a Comment