Monday, August 12, 2019

ထားဝယ်-ရေးလမ်းပိုင်း နောက်ခြောက်ရက်ခန့်အတွင်း သွားလာနိုင်မည်ဟု ခန့်မှန်း

Image may contain: outdoor and nature
ရေထိုး၊ မြေပြို၍ ပျက်စီးပြတ်တောက်နေသော တနင်္သာရီတိုင်းဒေသကြီး-ရန်ကုန် အမှတ်(၈) လမ်းမကြီး ၏ ထားဝယ်-ရေးလမ်းပိုင်းသည် နောက်ထပ်ခြောက်ရက်ခန့်အတွင်း သွားလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ဩဂုတ် ၁၂ ရက်တွင် ပြောဆိုသည်။

ပျက်စီးပြတ်တောက်နေသော မလွှဲတောင်လမ်းအား မြေသားရှင်းလင်းခြင်း၊ လမ်းလွှဲ၊ လမ်းအသစ် ဖောက်လုပ်ခြင်း၊ ဘေလီတံတားထိုးရန် ပြင်ဆင်နေခြင်းတို့ ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ပြောဆို သည်။
မလွှဲတောင်လမ်း၏ ပြတ်တောက်နေသည့်နေရာတွင် ယာယီထိုးမည့် ဘေလီ တံတားများကို ထားဝယ်နှင့်မြိတ်တို့မှ ယူဆောင်လာခဲ့ပြီး လက်ရှိတွင် ကလိန်အောင် သို့ ရောက်ရှိနေကြောင်း ဝန်ကြီးချုပ်က ဩဂုတ် ၁၂ရက် ညနေ ၃ နာရီတွင် ပြောဆိုသည်။
လက်ရှိတွင် ကလိန်အောင်၌ လမ်းရေကျော်နေပြီး ဘေလီတံတားတင်ထားသည့် ကားများဖြတ်၍ ရလျှင်ရချင်း ဖြတ်သန်းကြကာ မလွှဲတောင်လမ်းပြတ်နေရာတွင် ချက်ချင်းတံတားထိုးမည်ဖြစ်ကြောင်း ဦးမြင့်မောင်က ပြောဆိုသည်။
'ခန့်မှန်းကတော့ ခြောက်ရက်လောက် ခန့်မှန်းထားတာပဲ၊ နောက်ထပ် ငါးရက် ခြောက်ရက်ပေါ့'ဟု ဦးမြင့်မောင်က ပြောဆိုသည်။
ထားဝယ်-မြိတ်-ကော့သောင်းလမ်းပိုင်းနေရာအချို့တွင် မိုးများလျှင် ရေခေတ္တ ကျော်ခြင်းရှိသော်လည်း ယာဉ်လမ်းကြောင်းပိတ်ဆို့သည်အထိ မရှိတော့ပေ။
ရေထိုး၍ မြေသားကျွံကာ လမ်း ပြတ်တောက်သွားသော တနင်္သာရီမြို့ နယ် တကူ- ဇဝဲလမ်းပိုင်းမှာလည်းမြေပြန်ဖို့လိုက်သဖြင့် ဩဂုတ် ၁၂ ရက် ညနေတွင်ပင် ယာဉ်များ သွားလာနိုင်ပြီဟု ဝန်ကြီးချုပ်က ပြောဆိုသည်။
သတင်း၊ ဓာတ်ပုံ - Dawei Watch

0 comments:

Post a Comment