Monday, August 12, 2019

လိုင်စင်မဲ့ဧည့်လမ်းညွှန်ပပျောက်ရေး ရှောင်တခင်စစ်ဆေးမည်

လိုင်စင်မဲ့ဧည့်လမ်းညွန်ပပျောက်ရေးနှင့် လိုင်စင်မဲ့ဧည့်လမ်းညွန် အသုံးမပြုရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို ပြည်တွင်း ပြည်ပ ခရီးသွားများ အဓိက ဝင်ရောက်ရာဒေသများတွင် တစ်ပြိုင်နက်တည်း ပြုလုပ်သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မန္တလေးဧည့်လမ်းညွှန်အသင်းထံမှ သိရသည်။
အထက်မြန်မာပြည်ရှိ မန္တလေးဧည့်လမ်းညွန်အသင်း၊ ပုဂံဧည့်လမ်းညွန်အသင်းနှင့် ရှမ်းတောင်ဧည့်လမ်းညွန်အသင်းတို့ဖြင့် ရှောင်တခင် စစ်ဆေးမှုများကို တစ်ပြိုင်နက်တည်းပြုလုပ်နိုင်ရန် ဆွေးနွေးနေကြောင်း မန္တလေးဧည့်လမ်းညွန်အသင်းဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ပြောကြားသည်။

“ပြီးခဲ့တဲ့အပတ်ကတော့ အစည်းအဝေးလုပ်ကြတယ်။ သောကြာနေ့ကို အတူတူလုပ်ကြဖို့ စိတ်ကူးကြတယ်။ ဒါပေမဲ့ အချိန်ကမညီဘူး ဖြစ်နေတယ်။ ညှိနေတုန်း။ ဒီရက်ပိုင်းအဖြေထွက်မယ်”ဟု ၎င်းကဆိုသည်။

အစိုးရဌာနများ၊ လိုင်စင်မဲ့ဧည့်လမ်းညွန်များ၊ လိုင်စင်မဲ့ကုမ္ပဏီများနှင့် ခရီးသွားလုပ်ငန်းလုပ်ဆောင်နေသူများ ပိုမိုသတိထားမိစေရန် ယခုကဲ့သို့ တစ်ပြိုင်နက်တည်းပြုလုပ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

လိုင်စင်မဲ့ဧည့်လမ်းညွန်ပပျောက်ရေးအတွက် ဧည့်လမ်းညွန် ဟုတ် မဟုတ် ရှောင်တခင်စစ်ဆေးခြင်းနှင့် လိုင်စင်မဲ့ ဧည့်လမ်းညွန် အသုံးမပြုစေရန်အတွက် ဧည့်သည်များသိရှိစေရန်ကြေညာခြင်း၊ ဆိုင်းဘုတ်ထောင်ခြင်း၊ ခရီးသွားလုပ်ငန်းရှင်များကို လိုင်စင်မဲ့ဧည့်လမ်းညွန်အသုံး မပြုစေရန် အသိပညာပေးခြင်းတို့ပြုလုပ်ခဲ့ပြီး ယင်းလုပ်ငန်းများကို မန္တလေးဧည့်လမ်းညွန်အသင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှုဦးစီးဌာန၊ ခရီးသွားလုပ်ငန်းရဲစသည်တို့ဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း မန္တလေးဧည့်လမ်းညွန်အသင်းထံမှ သိရသည်။
The Voice

0 comments:

Post a Comment