Tuesday, August 13, 2019

မာလီ ဂျီဟတ်စစ်ဆင်ရေးအတွင်း ပြင်သစ်တပ်ဖွဲ့များ သဲမုန်တိုင်း၊ မိုးကြိုးမုန်တိုင်းများနှင့် ကြုံတွေ့

မာလီနိုင်ငံ ဂူးမားခရိုင်မှာ ပြုလုပ်တဲ့ ဂျီဟတ်ဝါဒီ စစ်ဆင်ရေးအတွင်း ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ သဲမုန်တိုင်း၊ မိုးကြိုးမုန်တိုင်းတွေနဲ့ ကြုံရသလို ဒေသခံတွေရဲ့ နွေးထွေးမှုမရှိတာနဲ့လည်း ကြုံတွေ့နေရပါတယ်။

ပြင်သစ်တပ်ဖွဲ့ဝင် ရာချီနဲ့ မဟာမိတ် မာလီတပ်ဖွဲ့ဝင် ၁၀၀ လောက်ဟာ ဆာဗားနားဒေသမှာ ဂျီဟတ်ဝါဒီ ၅၀ ကို ရှာဖွေနေတာပါ။
စစ်ဆင်ရေး ပထမဆုံးနေ့မှာပဲ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် အပူချိန်ထဲမှာ ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ အစောပိုင်းက ဂျီဟတ်ဝါဒီတွေ ထွက်ပြေးတာကို မြင်ခဲ့တဲ့ ရွာတခုကို ရောက်ခဲ့ပါတယ်။
ဂျီဟတ်ဝါဒီ သတင်းကို စုံစမ်းတဲ့ သူတို့ကို ရွာသားတွေက ဘာမှ မပြောကြပါဘူး။ ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ အမျိုးသား၊ အမျိုးသမီး ခွဲပြီး ရှာဖွေရေး လုပ်ခဲ့ပါတယ်။ အဲဒီထဲက စမတ်ဖုန်းတခုမှာ ဂျီဟတ် ဝါဒဖြန့်ချိရေး ပါဝင်နေပါတယ်။
ပြင်သစ်တပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုဟာ နယ်မြေကျွမ်းကျင်ပြီး အရပ်သားတွေကြားထဲ ရောနှောပျောက်သွားတဲ့ လက်နက်ကိုင် ဂျီဟတ်ဝါဒီတွေကို မပြီးနိုင်တဲ့ ရှာဖွေမှုနဲ့ အဆုံးသတ်သွားတတ်ပါတယ်။
ပြင်သစ်ကိုလိုနီဟောင်း တခုဖြစ်တဲ့ မာလီနိုင်ငံမှာ ဘာကန်စစ်ဆင်ရေးအတွက် ပြင်သစ်တပ်ဖွဲ့ဝင် ၄၅၀၀ ကို တပ်ဖြန့်ထားပါတယ်။ ပြင်သစ်တပ်ဖွဲ့ဝင်တွေဟာ ကြမ်းတမ်းလှတဲ့ နယ်မြေမှာ ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။
DVB

0 comments:

Post a Comment