Thursday, August 8, 2019

သူရဦးရွှေမန်းနှင့်မိသားစုဝင်များကို သက်သေအဖြစ်ခေါ်ပြီး တရားရင်ဆိုင်မည်ဟု ဦးရဲထွဋ်ပြော

သူရဦးရွှေမန်းနဲ့မိသားစုဝင်တွေကို သက်သေအဖြစ် ခေါ်ယူပြီး တရားရင်ဆိုင်သွားမယ်လို့ နိုင်လွတ်လုံ နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ တရားစွဲခံထားရတဲ့ ဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောပါတယ်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ပတ္တာနယ်မြေရဲခန်းမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ နဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့သူရဦးရွှေမန်းရဲ့ကားဒရိုင်ဘာက တရားဆိုထားတဲ့အပေါ် ဦးရဲထွဋ်က ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တာပါ။
လက်ရှိမှာတော့ အမှုကိုရင်ဆိုင်ဖို့အတွက် ဦးရဲထွဋ်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရှေ့နေ ဦးသိန်းညွန့်ကို ဥပဒေကြောင်းအရ ပါဝါလွဲထားပြီး တရားရင်ဆိုင်သွားမယ်လို့ဆိုပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် “ဥပဒေကြောင်းအရတော့ ကျနော်က သင်္ဃန်းကျွန်း ဦးသိန်းညွန့်ကို ဥပဒေအကြံပေးအဖြစ်နဲ့ ကျနော် အကူအညီ တောင်းထားတာပေါ့။ အမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကတော့ သူပဲ ပြောမှာပေါ့နော်။ ကျနော်ရဲ့ အခြေခံမူကတော့ ဒီလို တရားစွဲတဲ့အတွက် တရားရုံးမှာ ဖြေရှင်းဖို့ အသင့်ရှိတယ်။ ကျနော် တကယ်လို့ တရားရုံးမှာ ဖြေရှင်းရပြီဆိုရင်တော့ ဦးရွှေမန်းနဲ့ ဦးရွှေမန်းရဲ့ မိသားစုဝင်တွေကို တရားရုံးမှာ ကျနော်တို့ ဘက်ကနေ သက်သေအဖြစ်နဲ့ ခေါ်ပြီးတော့ ကျနော်ပြောတဲ့ အချက်တွေက ဒီအချက် ဒီအချက် တွေကြောင့်ပြောတယ်၊ ဒါတွေဟာ ဟုတ်လားမဟုတ်ဘူးလားဆိုတာ သူတို့ကို ပြန်မေးဖို့ ရှိတာပေါ့။ ဒါကတော့ ကျနော့်ရဲ့ စီစဉ်ထားတဲ့အချက်ပေါ့။ အသေးစိတ်ကတော့ ဦးသိန်းညွန့်ပဲ ဆောင်ရွက်မှာ ပါ” လို့ ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနဲ့  ဦးဘိုဘိုကျော်ငြိမ်းတို့ကို သူရဦးရွှေမန်းရဲ့ ယာဉ်မောင်းက နိုင်လွတ်လုံဥပဒေ ပုဒ်မ ၁၀ နဲ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပတ္တာနယ်မြေရဲခန်းမှာ အမှုဖွင့်ထားတာပါ။
နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခံရသူဟာ အနည်းဆုံး ၆ လကနေ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်ပြီး အနည်းဆုံး ကျပ် ၃ သိန်းကနေ အများဆုံး ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
DVB

0 comments:

Post a Comment