Monday, August 12, 2019

ဆန္ဒပြမှုတွေကြောင့် လေယာဉ်ပျံသန်းမှုတွေ ရပ်တန့်နေတဲ့ ဟောင်ကောင်အရေးမှာ တရုတ်သတိပေး

ဟောင်ကောင်လေဆိပ်မှာ ဆန္ဒပြအင်အား ၅၀၀၀ ကျော်ထက်မနည်း စုရုံးဆန္ဒပြတာကြောင့် တနင်္လာနေ့မှာ လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းကုန်ပါတယ်။

ကမ္ဘာ့ အစည်ကားဆုံး လေဆိပ်တွေထဲက တစ်ခုဖြစ်တဲ့ ဟောင်ကောင်လေဆိပ်က အာဏာပိုင်တွေဟာ လေကြောင်းပျံသန်းမှုအားလုံး ရပ်ဆိုင်းကြောင်း နေ့လယ် ၂ နာရီမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဓာတ်ငွေ့တွေ၊ ရာဘာကျည်တွေနဲ့ ဖြိုခွင်းရာမှာ မိန်းမပျိုတစ်ဦး မျက်လုံးထိခိုက်ဒဏ်ရာရခဲ့ပြီး ထိပ်တိုက်တွေ့မှုက အရှိန်ပိုမြင့်လာခဲ့ပါတယ်။

ခုလို ရဲနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ပြီး ၂၄ နာရီအတွင်းမှာပဲ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းကြောင်းကို လေဆိပ်က ကြေညာလာတာပဲ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဟောင်ကောင်ရေးရာ တရုတ်အဖွဲ့အစည်းဖြစ်တဲ့ ဟောင်ကောင်နှင့် မကာအိုရေးရာကောင်စီမှ ပြောခွင့်ရသူက ဟောင်ကောင်က ဆန္ဒပြသူတွေဟာ အကြမ်းဖက်ဝါဒရဲ့ အမှတ်လက္ခဏာပဲလို့ သတိပေးလိုက်ပါတယ်။

ဟောင်ကောင်အာဏာပိုင်တွေဟာ တရုတ်ဆီ တရားခံလက်လွှဲပေးအပ်တဲ့ ဥပဒေကြမ်းကို အတည်ပြုဖို့ လုပ်ဆောင်တာကြောင့် ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားလာခဲ့တာပါ။

အဲဒီ ဥပဒေကြမ်းကို ဖျက်သိမ်းကြောင်း အစိုးရက ကြေညာခဲ့ပေမယ့် ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေဟာ အတောမသတ်နိုင်ဘဲ လက်ရှိအထိ အရှိန်မြင့် ဖြစ်ပွားနေတော့တာဖြစ်ပါတယ်။

0 comments:

Post a Comment