Thursday, August 8, 2019

ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းလိုက်နာပါမည် စာသား ချန်ပြီး ကျမ်းသစ္စာဆိုခဲ့ခြင်းအတွက် ပရာယွတ် တာဝန်ခံဖြေရှင်းရမည်

ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းလိုက်နာပါမည် စာသား ချန်ပြီး ကျမ်းသစ္စာဆိုခဲ့ခြင်းအတွက် ပရာယွတ် တာဝန်ခံဖြေရှင်းရမည်
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ပရာယွတ်နဲ့ အစိုးရအဖွဲ့ဝန်ကြီးများ ရာထူးလက်ခံစဉ် ကျမ်းသစ္စာ ကျိန်ဆိုရာမှာ စာသားအချို့ကို ချန်လှပ်ပြီး ရွတ်ဆိုခဲ့မှုအတွက် မိမိတစ်ဦးတည်း တာဝန်ခံ ဖြေရှင်း မည်ဖြစ်ကြောင်း ပရာယွတ်က ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၁၆ ရက်တုန်းက အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပြီး ဖွဲ့စည်းခဲ့ရာမှာ ပရာယွတ်က ရှေ့ကနေ တိုင်တည်ရွတ်ဆိုခဲ့ပါတယ်။ ၄င်းမှာ ကျမ်းရဲ့ နောက်ဆုံးစာကြောင်းတစ်ကြောင်းကို ရွတ်ဆိုရန် ကျန်နေခဲ့ပြီး ယင်းဟာ နိုင်ငံ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းလိုက်နာပါမည်လို့ တိုင်တည် ထားတဲ့စာကြောင်း ဖြစ်ပါတယ်။
ထိုသို့ ချန်လှပ်မှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့အတွက် ကျမ်းသစ္စာကျိန်ဆိုမှု အထ မမြောက်ဘူးလို့ အဓိပ္ပါယ်သက်ရောက်နေပါတယ်။ ထို့ကြောင့် ယင်းဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးရန် စုပေါင်းလက်မှတ်ရေးထိုးပြီး လူထုအကျိုးဆောင် စုံစမ်းစစ်ဆေးရေးဌာနထံ တိုင်ကြားသူတွေ ရှိလာတယ်လို့ သိရပါတယ်။
ယင်းဖြစ်စဉ်တွေနဲ့ စပ်လျဉ်းပြီး ဝန်ကြီးချုပ် ပရာယွတ်က ၄င်းအနေဖြင့် တစ်ဦးတည်း တာဝန်ခံ မှာဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးတွေကိုလည်း တောင်းပန်လိုတယ်လို့ သြဂုတ် ၈ ရက်မှာ အစိုးရပိုင် ရုပ်သံကနေ ထုတ်လွှင့်ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်လိုနည်းဖြင့် ခံယူဖြေရှင်းမယ်ဆိုတာ ကိုတော့ မသိရသေးပါဘူး။
ပရာယွတ်ဟာ ၂၀၁၄ ခုနှစ် အာဏာသိမ်းပွဲ အပြီးမှာတုန်းက ယခင် ဖွဲ့စည်းပုံအခြေခံဥပဒေဟောင်းကို ဖျက်သိမ်းပစ်ခဲ့ပြီး ၄င်းတို့ စစ်အစိုးရဘက်ကို အလေးသာစေတဲ့ လက်ရှိတစ်ခုကို အသစ်ရေးဆွဲ၊ ပြဋ္ဌာန်းခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းလိုက်နာပါမည် စာသား ချန်ပြီး ကျမ်းသစ္စာဆိုခဲ့ခြင်းအတွက် ပရာယွတ် တာဝန်ခံဖြေရှင်းရမည်

ZHO ( အကုန်သိ သတင်းဌာန ) | (Ref : Reuters)

0 comments:

Post a Comment