Monday, August 12, 2019

ကျေးရွာမြေပေါ် ဝင်ရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီများ ဖယ်ရှားပေးရန် သပိတ်ကျင်းတွင် ဆန္ဒဖော်ထုတ်

Image may contain: 6 people, crowd and outdoor
သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှာ သြဂုတ် (၁၃) ရက် မနက်ပိုင်းက ကျေးရွာမြေပေါ်မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို ဖယ်ရှားရှင်းလင်းပေးဖို့ ဒေသခံအင်အား(၁၀၀) ကျော်က ဆန္ဒထုတ်ဖော်ကြပါတယ်။

ချောင်းကြီးကျေးရွာဟာ ပြည်ထဲရေးအမည်ပေါက်ရွာဖြစ်တာကြောင့် ရွာမြေပေါ်ကိုကျူးကျော်နေတဲ့ ရွှေလုပ် ကွက်တွေ ဖယ်ရှားပေးဖို့၊ ပြည်ထဲရေးအမိန့်ကို ဆန့်ကျင်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို အရေးယူပေးဖို့နဲ့ သတ္တုတွင်းဥပဒေကို မလိုက်နာတဲ့ လုပ်ငန်းရှင်တွေကို အရေးယူပေးဖို့ ဆိုတဲ့အချက်တွေကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
Image may contain: one or more people, crowd and outdoor
Image may contain: 2 people, sky and outdoor
Image may contain: 8 people, people smiling, people standing, crowd and outdoor
သတင်း/ဓာတ်ပုံ အေးစုမွန်

0 comments:

Post a Comment