Thursday, August 8, 2019

မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ၇ ရက်အတွင်း တိုင်းနှင့်ပြည်နယ် ၅ခုတွင် ပြည်သူ ၃၄၀၀၀ကျော် ရေးဘေးကြုံတွေ့နေ

Image may contain: outdoor

မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် သြဂုတ်လ၂ရက်နေ့မှ ၈ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ပြည်သူ ၃၄၄၀၀ ကျော် ရေဘေးကြုံတွေ့နေရကြောင်း လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှသိရသည်။

မိုးအဆက်ပျက်ရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ မိုးညို၊ ရွှေကျင်၊ မဒေါက်၊ ကျောက်ကြီးမြို့နယ်တို့တွင် ရေကြီးရေလျှံဖြစ်ပွားလျှက်ရှိပြီး ရေဘေးသင့်အိမ်ထောင်စု ၂၉၀၀ ကျော်၊ လူဦးရေ ၁၄၀၀၀ကျော်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ မြ၀တီ၊ ကော့က္ကရိတ်၊ ဘာအံ့လှိုင်းဘွဲ့မြို့နယ်တွင် ရေဘေးသင်အိမ်ထောင်စု ၂၉၀၀ကျော်၊ လူဦးရေ ၁၄၀၀၀ကျော်၊ မွန်ပြည်နယ် ဘီးလင်းနှင့် ကျိုက်မရောမြို့နယ်တွင် ရေဘေးသင့် အိမ်ထောင်စု ၂၄၀၀ ကျော်၊ လူဦးရေ ၁၁၇၀၀ ကျော်၊ တနင်္သာရီတိုင်းဒေသကြီး တနသာင်္ရီမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၂၆၃ ဦး၊ ဧရာဝတီတိုင်းဒသကြီး မြောင်းမြမြို့နယ်တွင် ရေဘေးသင့် အိမ်ထောင်စု ၁၆၃ စု၊ လူဦးရေ ၆၃၇ ဦး ရှိကြောင်း သိရသည်။
“အဲ့ဒီနေရာတွေက ၂ရက်နေ့က စဖြစ်တာပေါ့နော်။ ဇူလိုင်လထဲမှာဖြစ်ခဲ့တဲ့နေရာတွေဖြစ်တဲ့ စစ်ကိုင်းတို့၊ မကွေးတို့၊ မန္တလေးတို့မှာတော့ လူတော်တော်များများ အိမ်ပြန်သွားပြီး။ တချို့နေရာတွေမှာ နည်းနည်းကျန်တာလေးတွေရှိတယ်။ အခု ရခိုင်ဘက်မှာတော့ မကြီးဘူး။ ကျွန်မတို့သူတို့နဲ့ နေ့တိုင်းဆက်သွယ်တယ်။ ဒါပေမယ့် အခုထိတော့ သတင်းတော့မရသေးဘူး။ ရခိုင်က ဇူလိုင်လထဲမှာ ဖြစ်ခဲ့တာရှိတယ်။ ဒါပေမယ့်အခုချိန်မှာတော့ ထပ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာတော့ ကျွန်မတို့ဆီ သတင်းမရရောက်သေးဘူး”ဟု လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းကပြောသည်။
ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးတွင် ယာယီရေဘေးရှောင်စခန်း ၆ ခု၊ ကရင်ပြည်နယ်တွင် ယာယီရေဘေးရှောင်စခန်း ၃၁ ခု၊ မွန်ပြည်နယ်တွင် ယာယီရေဘေးရှောင်စခန်း ၃၈ ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ယာယီရေဘေးရှောင်စခန်း ၆ခုနှင့် တနသာင်္ရီတိုင်းဒေသကြီးတွင် ယာယီရေဘေးရှောင်စခန်း ၃ခု ဖွင့်လှစ်ထားသည်။
Image may contain: sky, cloud, ocean, outdoor, nature and water
Image may contain: one or more people, outdoor and water
Image may contain: house, tree and outdoor
Image may contain: 11 people, people sitting
Image may contain: tree and outdoor
TCM

0 comments:

Post a Comment