Monday, August 12, 2019

ရေလှောင်တမံ ၁၉ ခုတွင် ရေပိုလွှဲမှ ရေကျော်ကျနေပြီး ကြီးအုံကြီးဝ ရေလှောင်တမံတွင် ၆ ဒသမ ၁ ပေနှင့် မုန်းချောင်း ရေလှောင်တမံတွင် ၅ ဒသမ ၇ ပေအထိ ရေကျော်နေ

၂၀၁၉ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ပြည် နယ်နှင့် တိုင်းဒေသကြီးများရှိ ရေလှောင်တမံ ၁၉ ခုတွင် ရေပိုလွှဲမှ ရေကျော်ကျနေပြီး ကြီးအုံကြီးဝ ရေလှောင်တမံတွင် ၆ ဒသမ ၁ ပေ နှင့် မုန်းချောင်း ရေလှောင်တမံတွင် ၅ ဒသမ ၇ ပေအထိ ရေကျော်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သြဂုတ် ၁၂ ရက်က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ထားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရေလှောင်တမံများ ရေကျော်နေမှု အခြေအနေအရ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ရေဘုတ် ရေလှောင်တမံတွင် ရေပိုလွှဲမှ ရေကျော် အမြင့်ပေ ၂ ဒသမ ၆၀ ပေအထိ လည်းကောင်း၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ လိုင်ဗား ရေလှောင်တမံတွင် ရေပိုလွှဲမှ ၁ ဒသမ ၅ ပေ အထိ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းရှိ ရာဇဂြိုလ် ရေလှောင်တမံတွင် ရေပိုလွှဲမှ ၁ ဒသမ ၇ ပေအထိ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်းရှိ ရေသိုး ရေလှောင်တမံတွင် ရေပိုလွှဲမှ ၀ ဒသမ ၁၀ ပေအထိ လည်းကောင်း၊ မင်းရဲ ရေလှောင်တမံတွင် ရေပိုလွှဲမှ ၀ ဒသမ ၆ ပေအထိ လည်းကောင်း၊ ဖြူးမြို့နယ်အတွင်းရှိ ငမြွေရေလှောင်တမံတွင် ရေပိုလွှဲမှ ၀ ဒသမ ၅ ပေအထိ လည်းကောင်း၊ ဖြူးချောင်း ရေလှောင်တမံတွင် ရေပိုလွှဲမှ ၁ ဒသမ၁၅ ပေ အထိ လည်းကောင်း ရေကျော်ကျလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ မုန်းချောင်း ရေလှောင်တမံတွင် ရေပိုလွှဲမှ ၅ ဒသမ ၇ ပေ အထိ လည်းကောင်း၊ မန်းချောင်း ရေလှောင်တမံတွင် ရေပိုလွှဲမှ ၁ ဒသမ ၉ ပေအထိ လည်းကောင်း၊ ကြီးအုံကြီးဝ ရေလှောင်တမံတွင် ရေပိုလွှဲမှ ၆ ဒသမ ၁ ပေ အထိ လည်းကောင်း အသီးသီး ရေကျော်ကျလျက် ရှိကြောင်း၊ ကြီးအုံကြီးဝ ရေလှောင်တမံတွင် ရေကျော်ကျမှု အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ  ၀ါးပါး ရေလှောင်တမံတွင် ရေပိုလွှဲမှ ၀ ဒသမ၂၅ ပေအထိ လည်းကောင်း၊ မော်လမြိုင်ခရိုင်အတွင်းရှိ ရွှေနတ်တောင် ရေလှောင်တမံတွင် ရေပိုလွှဲမှ ၁ ဒသမ ၅ ပေအထိ လည်းကောင်း၊ အဇင်း ရေလှောင်တမံတွင် ရေပိုလွှဲမှ ၀ ဒသမ ၆ ပေအထိ လည်းကောင်း ရေကျော်ကျလျက်ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment