Thursday, August 8, 2019

အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနား တောင်ကြီးတွင် ကျင်းပ

ဌာနေတိုင်းရင်းရင်းသား အခွင့်အရေးနဲ့ ဓလေ့ထုံးတမ်းစဉ်လာကို နိုင်ငံတော်က အလေး ထားပြီး ဌာနေတိုင်းရင်းသား အခွင့်အရေးပိုမိုရရှိဖို့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနားကို သြဂုတ် ၈ ရက်က တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ကျင်းပခဲ့ကြပါတယ်။

တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေဖို့နဲ့ ဌာနေတိုင်းရင်းသား အခက်အခဲ တွေဖလှယ်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးတွေသိရှိဖို့ တောင်ကြီးမှာ ပထမဆုံးအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ကို ရန်ကုန်မြို့မှာ ၂၀၁၄ မှ  ၂၀၁၈ ခုနှစ်အထိ စတင်ကျင်းပခဲ့ပေ့မယ့် မြန်မာနိုင်ငံအနှံ့အပြားက ဌာနေတိုင်းရင်းသားတွေ အခွင့်အရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ တိုင်းနဲ့ ပြည်နယ်မှာ ကျင်းပကြတာပါ။
အခမ်းအနားမှာ ဌာနေတိုင်းရင်းသား ပေါ်ပေါက်လာတဲ့အကြောင်းတွေ၊ ဌာနေတိုင်းရင်းသား အခွင့်အရေးဆိုင်ရာတင်ပြခြင်း၊ ဌာနေတိုင်းရင်းသား ရင်ဆိုင်နေရတဲ့ အခက်ခဲထဲမှ အရေးကြီးတဲ့ ကဏ္ဍတွေဆွေးနွေးခြင်းနဲ့ ဌာနေတိုင်းရင်းသား ရိုးရာဖော်ဆောင်မှုတွေပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးမှုမှ ရရှိလာတဲ့ ရလဒ်တွေကို ဥပဒေပြုသူနဲ့ အခြားဌာနေတိုင်းရင်းသားဖိုရမ်တို့ထံ တင်ပြသွားမယ်လို့ ဆိုပါတယ်။
ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနားကို မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသားများကွန်ရက်၊ မေတ္တာဖောင်ဒေးရှင်း၊ သဘာဝပတ်ဝန်း ထိန်းသိမ်းရေးနဲ့ တောင်သူလယ်မားဖွံဖြိုးရေးအဖွဲ့တို့ပူးပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။
၂၀၁၉ သြဂုတ်လ ၉ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ကို သြဂုတ် ၈ ရက်နေ့ က ရှမ်းပြည်နယ် တောင်ကြီး မြို့မှာကျင်းပပြီး ကချင်ပြည်နယ် ဖားကန့် ဒေသနဲ့ ပဲခူးတိုင်း ပဲခူးမြို့မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။
တောင်ကြီးမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနားကို တိုင်းရင်းသားရေးရာဝန်ကြီးတွေ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောင်းပိုင်းနဲ့ ကယားပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စု ၂၆ မျိုး ဖြစ်တဲ့ ရှမ်း၊ ပအိုဝ်း၊ ဓနု၊လီဆူ၊ ယင်း နက်၊ ကယန်း၊ ကယား၊ ကယော၊ ပလောင်၊ ကချင်၊ ကရင်၊ ချင်း၊ ယင်းဘော်၊ မြောင်ဇီး၊ တောင်ရိုး၊ ထနော့၊ ယင်းကြား၊ ဗမာ၊ အင်းသား၊ ကိုးကန့်၊ ရှမ်းနီ၊ အာခါ၊ လားဟူ၊ ဝ၊ လွယ်၊ အဲန် တိုင်းရင်းသား တွေတက်ရောက်ခဲ့ပါတယ်။
ခွန်ရာဇာ
DVB

0 comments:

Post a Comment