Thursday, August 8, 2019

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ နေရာတော်များများ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး အရေးပေါ် အကူအညီများ လိုအပ်နေ

■ ဓာတ်ပုံ - ဇင်မိုး
သြဂုတ် ၈ ရက် ညပိုင်းအချိန်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ နေရာတော်များများ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိ ရသည်။

"မော်လမြိုင်မြို့မှာ မနေ့ညကတည်းက မိုးသည်းသည်းမည်းမည်း ရွာနေတာ။ မနက်အစောပိုင်းအချိန်မှာ ရေက စကြီးနေပြီ။ အဓိက အနိမ့်ပိုင်းတွေအားလုံး မြုပ်နေတယ်။ အခုအချိန်အထိက မိုးက မစဲသေးဘူး။ တစ်မြို့လုံး နေရာအတော်များများမှာ ရေကြီးနေတာ။ ရေးပေါ် ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတယ်လို့ သိရတယ်။ အခုအခြေအနေက မနှစ်က မော်လမြိုင်မှာ ရေကြီးတဲ့အတိုင်းပဲ။ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်" ဟု မော်လမြိုင်မြို့ခံတစ်ဦးဖြစ်သူ ကိုကျော်စွာက ပြောကြားသည်။
"မော်လမြိုင် မိုးထပ်များလာတယ်။ မနှစ်က အခြေအနေအတိုင်း ဖြစ်လာနေပြီး။ အခြေအနေ တော်တော်ဆိုး။ တမြို့လုံး မြုပ်နေပါပြီး။ မီးသတ်တွေရော ကယ်ဆယ်ရေးအဖွဲ့တွေရော။ ရေလွတ်တဲ့ လမ်းနေရာ ကြည့်ပြီး နီးစပ်ရာ ကယ်ဆယ်နေရပါတယ်။ တမြို့လုံးနီးပါး ရေမြုပ်နေ
အကူအညီတောင်းတဲ့ ဖုန်းတွေ ဆက်တိုက် ဝင်နေ။ အလျင်မီအောင် မကယ်နိုင် ဖြစ်နေပါတယ်။ အတတ်နိုင်ဆုံး အလျင်မီအောင် ဆောင်ရွက်နေကြပါတယ်" ဟု မော်လမြိုင်လူမှုကယ်ဆယ်ရေးအသင်းမှ ကိုဇင်မိုးက ပြောကြားသည်။
ထို့အပြင် မွန်ပြည်နယ်​တစ်ခုလုံး (ရာသီဥတုအရေးပေါ်​အခြေနေအရ) စာသင်ကျောင်းများ ဒီကနေ့ ​ကျောင်းပိတ်ကြောင်း လူမှုရေးဝန်ကြီးမှ ညွှန်ကြားထားပြီဖြစ်ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မော်လမြိုင်မြို့အပြင် ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ပေါင်မြို့နယ် နှင့် ရေးမြို့နယ်များ အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း လမ်းမကြီးများအပေါ် ရေကျော်နေသည့်အတွက် ကားလမ်းဆက်သွယ်ရေးများလည်း ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
Image may contain: outdoor
Image may contain: 1 person, sitting and outdoor
Image may contain: one or more people and outdoor
Image may contain: one or more people and outdoor
Image may contain: outdoor
Image may contain: one or more people and outdoor
Image may contain: sky and outdoor
Image may contain: one or more people and outdoor
Eleven Media Group

0 comments:

Post a Comment