Wednesday, August 7, 2019

အမေရိကန်က အစိုးရအဖွဲ့ရုံးများကိုဗုံးကြဲလျှင်လက်ပိုက်ကြည့်နေမည်ဟု ဘူးလက်လှဆွေ၏ပြောဆိုမှုမှာ နိုင်ငံတော်ကို အကြည်အညိုပျက်စေသည့်ပြောဆိုမှုဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေများ ဆို



အမေရိကန်နိုင်ငံက နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးအပါအ၀င် အစိုးရရုံးများအား ဗုံးကြဲပါက အသာလေးကြည့်နေမည်ဟု ဘူးလက်(ဦး)လှဆွေ၏ပြောဆိုမှုမှာ နိုင်ငံတော်ကို အကြည်အညိုပျက်စေသည့် ပြောဆိုမှုဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေများက သုံးသပ်ပြောကြားသည်။

ဘူးလက်လှဆွေသည် ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် သြဂုတ် ၃ ရက်ကပြုလုပ်သည့် အမေရိကန်ပိတ်ဆို့မှု ရှုတ်ချပွဲအခမ်းအနားတွင်အမေရိကန်က နိုင်ငံတော်သမ္မတရုံးအပါအ၀င် အစိုးရရုံးများကို ဗုံးကြဲပါက သဘောတူကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“သူပြောတာ တော်တော်ဆိုးဝါးပါတယ်။ သူပြောတဲ့စကားဟာ နိုင်ငံတော်နဲ့တပ်မတော်အပေါ် ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုခြင်းဖြစ်နေတယ်။ ဒါဟာနိုင်ငံရေးအရ ချွတ်ခြုံကျလာလို့၊ လူထုထောက်ခံမှုနည်းလာလို့ ပြည်ပကိုအားကိုးလာတဲ့သဘောဖြစ်နေတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘက်စန်းအောင်က ပြောသည်။
ထို့ပြင် ဘူးလတ်လှဆွေ၏ပြောဆိုမှုသည် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးကို ပျက်စီးစေသော မပြာသင့်သည့်စကားကိုပြောခြင်းဖြစ်ကြောင်း၊ ၎င်းပြောဆိုမှုများသည် တိုင်းပြည်အတွက် ပိုမိုရှုပ်ထွေးသွားစေသည့် ပြောဆိုမှုများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ညိုကလည်း ဦးလှဆွေ၏ပြောဆိုမှုသည် နိုင်ငံတော်အစိုးရအနေဖြင့် အလိုလိုက်လွန်းအားကြီးသည့်အတွက် စော်ကားနေခြင်းဖြစ်ကြောင်း၊ ၎င်းဟောပြောခဲ့မှုသည် အစိုးရကိုသာမက ပြည်သူလူထုတရပ်လုံးကိုစော်ကားခြင်းဖြစ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှုစသည့်ပုဒ်မပေါင်းစုံဖြင့် အစိုးရအနေဖြင့် ခပ်ပြတ်ပြတ်တရားစွဲဆိုသင့်ကြောင်း ပြောကြားသည်။
“လက်ရှိအစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လုပ်နေချိန်၊ သူတို့က ဘာလို့ရန်ငြိုးရန်စတွေနဲ့ လျောက်ပြောနေတာတုန်း။ ကျွန်တော်တို့ လက်မခံဘူး။ နိုင်ငံရေးအရပြောရရင် မပြောသင့်တဲ့ကိစ္စပဲ။ တိုင်းပြည်ရဲ့ခေါင်းဆောင်တွေအပေါ်မှာ ဒီလို ပုတ်ခက်စော်ကားတာမျိုးကတော့ ကျွန်တော်အပါအ၀င် ဘယ်သူကမှ လက်ခံမှာမဟုတ်ဘူးဆိုတာ ကျွန်တော်ပြောချင်ပါတယ်”ဟု NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကဆိုသည်။
ဘူးလက်လှဆွေသည် အဆိုပါ အခမ်းအနားတွင်“ဗုံးကြဲစမ်းပါ။ အစိုးရအဖွဲ့ရုံးဝန်ကြီးတွေ၊ ရုံးတွေ အစိုးရအဖွဲ့ရုံးတွေ အကုန်လုံးသေပါစေ အေးရော မဟုတ်ဘူးလား။ သဘောတူလား။ အမေရိကန်ကို မကြောက်ပါဘူး။ လာဗုံးကြဲစမ်းပါ အစိုးရအဖွဲ့ကို ဒါက သဘောတူတယ်။ ကျွန်တော်တို့ သဘောတူတာ ၃ ခုရှိပြီးနော်။ Scot Marciel ရဲ့ performance ကိုလည်း သဘောတူတယ်။ အမေရိကန်က ဗုံးလာကြဲရင် ၀န်ကြီးများရုံးတို့ အစိုးရအဖွဲ့တို့ အတိုင်ပင်ခံရုံးတို့ ဗုံးလာကြဲရင် သဘောမတူဘူးလား။ အသာလေးကြည့်နေလိုက်ပေါ့” ဟု ဟောပြောခဲ့ခြင်းဖြစ်သည်။
TCM
News Watch

0 comments:

Post a Comment