Tuesday, August 13, 2019

အမေရိကန်-မြန်မာ စီးပွားရေးထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရေး ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

အမေရိကန်-မြန်မာ စီးပွားရေး ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရေး အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် စီးပွားရေး လုပ်ငန်းများဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မနီရှာဆင်းသည် သြဂုတ်၁၆ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။

အထက်ပါ ကန်လက် ထောက်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြားစီးပွား ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရေး အစိုးရတာဝန်ရှိပုဂ္ဂိုလ် များ၊ စီးပွားရေး ထိပ်သီးပုဂ္ဂိုလ်များ၊ နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း အမေရိကန်သံရုံးက ယမန်နေ့တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံကြီးများ၏  ပစ်မှတ်ထားအရေးယူမှုနှင့် စီးပွားရေးဆိုင်ရာ စောင့်ကြည့်မှုများ ရှိနေချိန်တွင် အမေရိကန် လက် ထောက်နိုင်ငံခြားရေးဝန်ကြီး၏ ယခုခရီးစဉ်က မြန်မာ့စီးပွားရေး အတွက် အထောက်အပံ့ဖြစ်စေ နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က သုံးသပ်သည်။
‘‘သူလာတဲ့အတွက်၊ တို့အတွက် ခိုင်မာတဲ့ ပိတ်ဆို့မှုတွေက  မရှိဘူးဆိုတာ သတင်းအချက် အလက်အဖြစ် နိုင်ငံတကာ သတင်းဌာနတွေကို ပြောပြီးသားဖြစ်တာပေါ့။ ဒါကောင်းတာပေါ့’’ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဗဟို အလုပ်အမှုဆောင် ဦးမြင့်စိုးက မှတ်ချက်ပြုသည်။
ထို့အပြင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန်သံရုံးနှင့် ဂျပန်သံရုံး၊ ဂျပန်နိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၊ အမေရိကန် ကုန်သည်ကြီးများ အသင်း၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းတို့က ပူးတွဲကျင်းပမည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိ သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မြန်မာ-ဂျပန်-အမေရိကန်   ဆွေးနွေးပွဲကို တက်ရောက်၍ စကားပြော ကြားမည်ဖြစ်သည်။
7Day

0 comments:

Post a Comment