Sunday, August 11, 2019

ရေးမြို့နယ်တွင် ရေဘေးကြောင့် လူလေးထောင်ခန့် ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရ

 ရေးမြို့နယ်တွင် ရေဘေးကြောင့် လူဦးရေလေးထောင်ခန့်ကယ်ဆယ်ရေးစခန်းရှစ်ခု၌ ခိုလှုံနေပြီး ထိခိုက်သေဆုံးသူ မရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယမန်နေ့ညနေတွင် ပြောသည်။

‘‘မနေ့ (သြဂုတ် ၁၀) ညနေ  လောက်ကတည်းက တက်လာ  တာ။ ညကဆို တော်တော်လေး   အခြေအနေဆိုးတယ်။ တစ်မြို့ လုံးနီးပါးပဲ။ တချို့ဆို အိမ်မှာ ပိတ် မိနေကြတယ်။ ဒီမနက်မှပဲ ကယ် ထုတ်လိုက်ရတာတွေလည်း ရှိ တယ်။ ရေးတစ်မြို့လုံး ရေ၀င်တာ  တစ်ခါမှမကြုံဖူးဘူး။ ဒီနှစ်က အခြေအနေ တော်တော်ဆိုးသွား တယ်’’ဟု ရေးမြို့ခံတစ်ဦးကပြောသည်။
သြဂုတ် ၁၀ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညနေပိုင်းကစကာ ရေးမြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီးပါးနှင့် ရေး တောင်ပိုင်းဒေသရှိ ကိုးမိုင်၊ မာန်  အောင်၊ ဟံဂံ၊ ကလော့၊ အံဒင်း အစရှိသည့် ကျေးရွာတို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။
 ရေးမြို့နယ် ရေဘေးအ တွက် အကူအညီများ လိုအပ်နေပြီး အထူးသဖြင့် ဆက်သွယ်ရေး ပြတ်တောက်ခဲ့သည့် ကျေးရွာများ အကူအညီလိုအပ်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဇင်မင်းကိုက ပြောသည်။
မော်လမြိုင်မြို့မှ ရေးမြို့ ရေ ဘေး သွားရောက်ကူညီနေသည့် ကိုမင်းအောင်ထူးက ‘‘မြို့ပေါ်မှာ  တော့ ကူညီကယ်ဆယ်မှုက အ ဆင်ပြေနေတယ်ပြောလို့ရတယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုတော့ထမင်းထုပ်ဝေတာကအစ ပျက် ကွက်တာတွေတော့ ရှိတာပေါ့။    ကယ်ဆယ်ရေးစခန်း မရောက်တဲ့  လူတွေအတွက်က အခက်အခဲရှိ  နေတယ်။ ကယ်ဆယ်ရေးက စနစ်  တကျရှိမနေတော့ အခက်အခဲ  ဖြစ်နေတယ်။ နောက်ပြီးတော့   ဆက်သွယ်ရေး ပြတ်တောက်နေ တဲ့ ကျေးရွာတွေအတွက် အခက်အခဲရှိတယ်’’ဟုပြောသည်။
လက်ရှိအနေအထားအရ  မွန်းလွဲ ၁ နာရီခန့်တွင် ရေပြန်ကျနေသော်လည်း မိုးရွာသွန်းမှုပေါ်မူတည်ပြီး ကယ်ဆယ်ရေးစခန်းများ အတိုး၊ အလျှော့ရှိလာနိုင်ကြောင်း  ဦးဇင်မင်းကိုကဆိုသည်။
ရေးမြို့နယ် တောင်ပိုင်းရှိ ကိုးမိုင်ကျေးရွာအုပ်စုတွင်လည်း   အိမ်ခြေ ၄၀၀ ခန့် ရေလွှမ်းခဲ့ကြောင်း၊ ကူညီကယ်ဆယ်မှုများမရောက်သဖြင့် အခက်အခဲဖြစ်နေကြောင်း၊ လက်ရှိတွင် ရေပြန်ကျသွားသော်လည်း ကူညီကယ်ဆယ်မှု လိုအပ်နေကြောင်း ကိုးမိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းကပြောသည်။
အဆက်မပြတ် သည်းထန် စွာ ရွာသွန်းသည့် မိုးကြောင့် ရေးတစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်ကာ အချို့ညတွင်းချင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်သော်လည်း အချို့သည် ညလုံးပေါက် အိမ်ထဲပိတ်မိနေပြီး သြဂုတ် ၁၁ ရက် နံနက်ပိုင်းမှသာ ရောက်ရှိလာသည့် ကယ်ဆယ်ရေးအဖွဲ့တို့၏ ကူညီ ကယ်ဆယ်မှုဖြင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ဒေသခံ   တို့ကဆိုသည်။
ရေကြီးနစ်မြုပ်မှု အခြေအ နေ ဆိုးရွားနေသည့် ရေးမြို့သို့   ယနေ့နံနက်မှသာ ပြည်နယ် အစိုးရအဖွဲ့နှင့် အနယ်နယ်အရပ် ရပ်က ကယ်ဆယ်ရေးအဖွဲ့တို့ ရောက်ရှိလာပြီး ကူညီကယ်ဆယ်မှု လုပ်ဆောင်နေသည်။
7Day News 

0 comments:

Post a Comment