Tuesday, August 6, 2019

မြန်မာအလုပ်သမား လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့မှု ဆိုးလ်မြို့တော်ဝန် တောင်းပန်

67776146_1218647545000087_3315821138851921920_n
ကိုရီးယားက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတော်တဆဖြစ်သေဆုံးသွားတဲ့ မြန်မာလုပ်သားနဲ့ပတ်သက်ပြီး ဆိုးလ်မြို့တော်ဝန်က တောင်းပန်စကားပြောခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက် မနက်ပိုင်းက ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၊ ယန်းချွန်မြို့နယ်မှာ ဟွန်ဒိုင်း ဆောက်လုပ်ရေးကုမ္ပဏီက ဦးစီးပြီး အသစ်ဆောက်လုပ်နေတဲ့ မြေအောက် ဥမင်လိုဏ်ခေါင်း ရေစီးလမ်းကြောင်းထဲမှာ ပြင်ဆင်ဆောက်လုပ်ရေး လုပ်နေကြတုန်း မိုးပြင်းထန်ပြီး ရေထိန်းတံခါး ပွင့်သွားတာကြောင့် ကိုရီးယားနိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား အသက် ၂၃ နှစ်အရွယ် ကိုဇွဲလင်းမောင်တို့ ရေစီးနဲ့မျောပါသွားခဲ့ပါတယ်။
အဲဒီနေ့ မနက် ၇ နာရီကျော်က ကိုဇွဲလင်းမောင်နဲ့ ကိုရီးယားအလုပ်သမားတယောက်တို့ဟာ အခြေအနေကို စစ်ဆေးဖို့အတွက် မြေအောက် ပေ ၁၀၀ ကျော်မှာရှိတဲ့ ရေပိုက်လုံးလိုဏ်ခေါင်းထဲကို ဆင်းသွားခဲ့ရင်း ရေတံခါးပွင့်သွားလို့ သူတို့ကိုကယ်ဖို့ဆင်းသွားတဲ့ ကိုရီးယားလုပ်သား တယောက်လည်း မျောပါသွားတာပါ။ 
သူတို့ထဲက ကိုရီးယားလုပ်သားတယောက်ရဲ့ အလောင်းကို အဲဒီနေ့မှာ ပြန်တွေ့ခဲ့ပြီး နောက် ၂ ယောက်ကိုတော့ သြဂုတ် ၁ ရက် မနက်ပိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့က ရေအောက်ဆင်းတဲ့ဝင်ပေါက်နဲ့ ပေ ၆၀၀ လောက်အကွာမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။
ကိုဇွဲလင်းမောင်ဟာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ နတ်ညွှန်းရွာကဖြစ်ပြီး ဆောက်လုပ်ရေး လုပ်သားအနေနဲ့ ကိုရီးယားကို ရောက်ရှိလုပ်ကိုင်နေတာ ၂ နှစ်ကျော်ပြီ ဖြစ်ပါတယ်။
ဒီလိုထပ်မဖြစ်ဖို့အတွက် ကွယ်လွန်သူ ကိုရီးယားလုပ်သားရဲ့ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ကိုရီးယား အလုပ်သမားသမဂ္ဂအဖွဲ့တွေ၊ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂအဖွဲ့တွေ စုပေါင်းပြီး သက်ဆိုင်ရာတွေက တာဝန်အပြည့်ယူစေဖို့၊ လုပ်ငန်းခွင်အန္တရာယ်ကင်းဝေးရေး အစီအမံတွေ လုပ်ပေးစေဖို့အတွက် ကွယ်လွန်သူတွေအတွက် အမှတ်တရ ဆုတောင်းပွဲကို ဆိုးလ်မြို့ ယန်ချွန်းဂူချောင်းမှာ သြဂုတ် ၅ ရက်ကစပြီး ပြုလုပ်ခဲ့ပါတယ်။
အဲဒီကို ဆိုးလ်မြို့တော်ဝန်နဲ့ ယန်ချွန်းခရိုင်မှူးတို့ လာရောက်ပြီး အသီးသီး ဦးညွတ် ဆုတောင်းခဲ့သလို အထူးဝမ်းနည်းကြေကွဲကြောင်း၊ နစ်နာခဲ့ရသူတွေအတွက် တောင်းပန်ကြောင်း ပြောခဲ့ပါတယ်။
မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ( ကိုရီးယား)ရဲ့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကိုစိုးမိုးသူက “ဆုတောင်းပွဲကို ယန်ချွန်းမြို့နယ်ရုံးက စီစဉ်ပေးတာပါ။ ဆိုးလ်မြို့တော်ဝန်က ကွယ်လွန်သူတွေအတွက် တောင်းပန်ပါတယ်။ ဝမ်းနည်းစကား၊ အားပေးစကားလည်း ပြောပါတယ်။ အခုလို အဖြစ်ဆိုး ဖြစ်ရတဲ့အကြောင်းရင်းကိုလည်း အမြန်ဆုံး ရှာဖွေအရေးယူသွားမယ်လို့ ပြောပါတယ်။ မြို့တော်ဝန်ဟာ ၈ လပိုင်း ၂ ရက်နေ့အထိ နွေရာသီ နားရက်ရှည် (လက်ရှိ ကိုရီးယားမှာ နွေပိတ်ရက်ရှည်ဖြစ်ပါတယ်) ယူထားပေမယ့် အခုကိစ္စကြောင့် ချက်ချင်း ဆိုးလ်ကို ပြန်ရောက်လာတာပါ’’ လို့ ပြောပါတယ်။
မြန်မာသံအမတ်ကြီး ဦးသန့်စင်ဟာလည်း မနေ့မနက်က ယန်ချွန်းခရိုင်ရုံးမှာ ကိုဇွဲလင်းမောင်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းမှာ လက်မှတ်ရေးထိုးခဲ့သလို ခရိုင်အုပ်ချုပ်ရေးမှူးနဲ့တွေ့ပြီး မြန်မာ အလုပ်သမားတွေ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးကူညီပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
ကိုစိုးမိုးသူက “လက်ရှိ ယန်ချွန်းခရိုင်မှူးကလည်း သူ့မြို့နယ်ထဲမှာ အခုလို အဖြစ်ဆိုး ဖြစ်ပွားရတာအတွက် အထူးဝမ်းနည်းပြီး တောင်းပန်ကြောင်းပြောပါတယ်။ ကွယ်လွန်သူ ကိုရီးယားတွေကတော့ မိဘဆွေမျိုးတွေက ဈာပနအခမ်းအနားကို လုပ်ပေးနေပေမယ့် မြန်မာလုပ်သားမှာတော့ ဒီအတိုင်း အလောင်းပြန်ပို့ရမယ့် အခြေအနေမို့ စိတ်ထဲမှာ အလွန်မကောင်းဖြစ်ရပြီး အခုလို ဆုတောင်းစင်ကို စီစဉ်ပေးရတာလို့ ဆိုပါတယ်” လို့ ပြောပါတယ်။
ယန်ချွန်ခရိုင်မှူးနဲ့ ရုံးဝန်ထမ်းတွေ၊ မြို့သူမြို့သားတွေကလည်း ကိုဇွဲလင်းမောင်အတွက် စုဆောင်းထားတဲ့ နာရေးကူငွေကို မြန်မာသံရုံးကတဆင့် ပေးပို့ဖို့စီစဉ်နေသလို ကုမ္ပဏီကလည်း နစ်နာကြေးပေးမယ်လို့ ပြောဆိုထားပါတယ်။
ကွယ်လွန်သူတွေအတွက် ကိုရီးယားဓလေ့ဖြစ်တဲ့ ဆုတောင်းနေရာကို ဆိုးလ်မြို့ရဲ့ အချက်အချာ ကျတဲ့နေရာမှာ ထားပေးမယ်လို့ ပြောပြီး လက်တလောမှာတော့ နေရာအတိအကျ မသိရ သေးဘူးလို့လည်း သူက ဆိုပါတယ်။
ကိုဇွဲလင်းနိုင်ရဲ့ ရုပ်ကလပ်ကိုတော့ ကုမ္ပဏီရဲ့အစီအစဉ်နဲ့ မနေ့ညနေကပဲ မြန်မာနိုင်ငံကို လေယာဉ်နဲ့ ပြန်သယ်လာပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဟယွန်းဒဲ (ဟွန်ဒိုင်း) ဆောက်လုပ်ရေးလုပ်သား ၂ ယောက်နဲ့ အရာရှိတယောက်၊ ဖက်စပ် လုပ်ငန်းဝင်တယောက်တို့ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။
67842984_1218647595000082_4524296091222409216_n
67880459_10214619818516909_7883498517182808064_o
67633490_10214619817836892_6187356403745685504_o
67504716_2830678687003542_1151109307580809216_n
download (1)
DVB

0 comments:

Post a Comment