Thursday, August 8, 2019

နေပြည်တော် အဝင် အထွက် တိုးဂိတ်များတွင် လိုင်စင်မဲ့ယာဉ် ငါးစီးဖမ်းမိ

Image may contain: car and outdoor
ရန်ကုန်-မန္တလေး အမြန်လမ်း နေပြည်တော်ကောင်စီနယ်မြေ အဝင် အထွက်နေရာများတွင် သြဂုတ်လ ၈ ရက်နေ့က လိုင်စင်မဲ့ယာဉ် ငါးစီးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းနှစ်ဦး တိမ်းရှောင်နေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီနယ်မြေ ပလွေးနှင့်နေပြည်တော် အထွက် ပန်းတင်လမ်းခွဲတို့တွင် မသင်္ကာဖွယ်ယာဉ်အချို့နှင့် ယာဉ်မတော်တဆမှုဖြစ်သည့် ယာဉ်အချို့ကို ယာဉ်မှတ်ပုံတင် Software ဖြင့် တိုက်ဆိုင်စစ်ဆေးရာတွင် ကွဲလွဲမှုရှိသည့် ယာဉ်ငါးစီးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းနှစ်ဦး တိမ်းရှောင်ထွက်ပြေးသွားသည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ် မောင်းနှင်သူများအနက် နှစ်ဦးကို တရားခံပြေးအဖြစ် ကြေညာပြီး ကျန်သုံးဦးကို က-ည-န စိစစ်ပြန်ကြားချက်ရရှိသည်နှင့်တစ်ပြိုင်နက် တရားစွဲဆိုရန်ပြင်ဆင်ထားကြောင်း သိရှိရသည်။
Image may contain: car and outdoor
Image may contain: car and outdoor
Image may contain: outdoor
Image may contain: car and outdoor
The Voice

0 comments:

Post a Comment