Wednesday, August 7, 2019

နေတိုးအတွင်းရေးမှူးချုပ်အား သြစတြေးလျဝန်ကြီးချုပ် ကြိုဆို

သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်ဟာ သြဂုတ် ၇ ရက်နေ့က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို ရောက်လာတဲ့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်ကို ကြိုဆိုခဲ့ပါတယ်။

နေတိုးအဖွဲ့ရဲ့ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ယူကရိန်း စတဲ့စစ်ဆင်ရေးတွေမှာ ပူးပေါင်း ပါဝင်တဲ့အတွက် သြစတြေးလျနိုင်ငံကို ကျေးဇူးတင်တယ်လို့ ယန်း စတော့တန်ဘာ့ဂ်က ပြောပါတယ်။
သူတို့နှစ်ဦးဟာ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး လင်းဒါ ရေနို၊ နိုင်ငံခြားရေးဝန်ကြီး မယိစ် ပိန်းတို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။
သြစတြေးလျခရီးစဉ်အတွင်း ယန်းစတော့တန်ဘာ့ဂ်ဟာ Lowy Institute for International Policy ပွဲမှာလည်း မိန့်ခွန်းပြောကြားသွားလိမ့်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
DVB

0 comments:

Post a Comment