Tuesday, August 13, 2019

သဘာဝဘေးများအရေး အစိုးရအဖွဲ့နှင့် ပညာရှင်များ ယနေ့ဆွေးနွေးမည်

လတ်တလော ကြုံတွေ့နေသော သဘာဝဘေးများအရေးအထိရောက်ဆုံးကိုင်တွယ်ဖြေရှင်းရေးနှင့် ပြန်လည် ထူထောင်ရေးကိစ္စရပ်များကို အဖြေရှာရန် အစိုးရအဖွဲ့နှင့် ပညာရှင်များ နေပြည်တော်တွင် သြဂုတ် ၁၄ ရက် (ယနေ့) တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်  ပြည်ထောင်စု ၀န်ကြီးများ၊ ဘူမိဗေဒပညာရှင်များ တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် လတ်တလောကြုံတွေ့နေသည့် မြေပြိုမှုဘေးမှ ကာကွယ်နိုင်ရေးအစီအမံများလည်း ပြုလုပ်မည်ဟု ယင်းအစည်းအဝေး တက်ရောက်မည့် အစိုးရအရာရှိတစ်ဦးက ပြောသည်။

7Day

0 comments:

Post a Comment