Monday, August 12, 2019

တောင်ဥက္ကလာပမြို့နယ်အတွင်းမှ ထိုင်ဝမ် ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦးထံမှ အိုက်စ် ၇၄ ကီလိုဖမ်းဆီးရမိ

Image may contain: 3 people, food

တောင်ဥက္ကလာပမြို့နယ်အတွင်းမှ ထိုင်ဝမ် ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦးထံမှ အိုက်စ် ၇၄ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ နိုင်ငံတကာမူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်မှုရှိသည့် သံသယရှိသူတရုတ်(ထိုင်ဝမ်)လူမျိုးChen Ying Chou ဆိုသူသည် မြန်မာနိုင်ငံသို့ရောက်ရှိကာဩစတြေလျနိုင်ငံသို့ မူးယစ်ဆေးဝါးများ သိုဝှက်သယ်ဆောင်တင်ပို့မည်ဖြစ်ကြောင်း ဩစတြေလျပြည်ထောင်စု ရဲတပ်ဖွဲ့(AFP)၏သတင်းဖလှယ်မှုအရမြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဖော်ထုတ်စုံစမ်းခဲ့ရာ အဆိုပါ နိုင်ငံခြားသားသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ဟောင်ကောင်မှ ရန်ကုန်သို့ရောက်ရှိခဲ့ပြီးတောင်ဥက္ကလာပမြို့နယ်၊ (၁၄/၂)ရပ်ကွက်၊ အမှတ်(၅/၁)နေအိမ်၌ ငှားရမ်းနေထိုင်ခဲ့ကြောင်း ၊ဩဂုတ်လ ၄ ရက်နေ့တွင်လေကြောင်းဖြင့် တာချီလိတ်မြို့သို့ သွားရောက် ခဲ့ကြောင်းနှင့် ဩဂုတ်လ ၆ ရက်နေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ကြောင်း၊ Chen Ying Chou ငှားရမ်းနေထိုင်သည့် နေအိမ်အားစောင့်ကြည့်နေစဉ် ဩဂုတ်လ ၉ရက် ညနေ ၆ နာရီခန့်တွင်အဆိုပါနေအိမ်သို့ Chen Ying Chouသည် တရုတ်(ထိုင်ဝမ်)လူမျိုးKuoChia-Enနှင့်မြန်မာနိုင်ငံသား (တရုတ် စကားပြန်)သန်းနိုင်(ခ)ဖြိုးဝေလင်းတို့နှင့်အတူ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာ၍ဝင်ရောက်စစ်ဆေးရှာဖွေရာ ၎င်းတို့ ၃ ဦးအားအိုက်စ် ၇၄ ကီလို(၁ ကီလိုလျှင် ကျပ် ၈၀၀ သိန်းနှုန်းဖြင့်တန်ဖိုးကျပ် သိန်းငါးသောင်းကျော်)၊ ဖုန်း ၅ လုံး၊ မော်တော်ယာဉ်များတွင် အသုံးပြုသည့် ကရိုင်းရှပ် ၃၁ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊
ဖမ်းဆီးရမိတရားခံများအားကနဦး စစ်မေးချက်အရ မူးယစ်ဆေးဝါး သိုဝှက် သယ်ဆောင်ရန်ပြင်ဆင်ထားသည့် ကရိုင်းရှပ်များသည်DHL ပါဆယ်ပစ္စည်း ပို့ဆောင်ရေးလုပ်ငန်းဖြင့်တရုတ်(ထိုင်ဝမ်)မှမြန်မာနိုင်ငံသို့ လေကြောင်းလိုင်းဖြင့် တင်ပို့ခဲ့ကြောင်း၊ မရမ်းကုန်းမြို့နယ်ရှိ စက်မှုလက်မှု အလုပ်ရုံတစ်ခု၌ လှည့်ဖွင့်ပိတ်နိုင်သည့် အပေါက်ဖောက် လိုင်းရစ်များဖော်၍ နေအိမ်၌ ကရိုင်းရှပ်များအတွင်းသို့ အိုက်စ်များအား သိုဝှက်ထည့်သွင်းပြီး ဩစတြေလျနိုင်ငံသို့ ပေးပို့ရန် ဆောင်ရွက် ထားခြင်း ဖြစ်ကြောင်းသိရှိရပြီးအဆိုပါတရားခံ ၃ ဦးအား တောင်ဥက္ကလာပမြို့မ ရဲစခန်းမူးယစ်(ပ)၃၀/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ဖြင့် အမှုဖွင့်စစ်ဆေးပြီး ကွင်းဆက်တရားခံ ဖမ်းဆီရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Credit - ရဲဇာနည်
The Ladies News

0 comments:

Post a Comment