Tuesday, August 13, 2019

ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျွဲကားတစ်စီး ထပ်မံအပြစ်ခံရ ယာဉ်နောက်လိုက်တစ်ဦးသေဆုံး



ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ခိုမုန်းအုပ်စု၊ ပေါက်အင်းလေးလမ်းခွဲက မန္တလေး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ သြဂုတ်(၁၃)ရက် မနက်(၈)နာရီခန့်က ကျွဲ(၂၄)ကောင်တင်ဆောင်လာတဲ့ (၁၂)ဘီးယာဉ်ကို အမည်မသိသူတွေက လက်နက်ငယ်တွေနဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက်တစ်ဦး အခင်းဖြစ်နေရာမှာတင်သေဆုံးခဲ့ပြီး ယာဉ်မောင်းဦးကျော်ဦးမှာ လည်း စိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့ကာ မန္တလေး ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့သြဂုတ်(၁၂)ရက် နေ့လယ်ပိုင်းကလည်း သီပေါမြို့နယ်၊ ကွန်ခိုက်ကျေးရွာအုပ်စု၊ နမ့်အွမ်ကျေးရွာအနီးမှာ တရားဝင်နွားကား (၅)စီးထဲက တစ်စီးကို အမည်မသိသူနှစ်ဦးက ရပ်တန့်စေခဲ့ပြီး ယာဉ်မောင်းနဲ့ နွားထိန်း တွေကိုသေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ 

ယာဉ်ပေါ်မှာပါလာတဲ့ နွားထိန်းဆိုသူ အောင်မြင့်သေဆုံးခဲ့ပြီး ယာဉ်မောင်း ဇော်ထွန်းမှာလည်း စိုးရိမ်ရတဲ့ သေနတ်ဒဏ်ရာရရှိခဲ့အတွက် နယ်စည်းမခြားပရဟိတအသင်းက သီပေါနဲ့ လားရှိုးမြို့ ပြည်သူ့ဆေးရုံတွေကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ 



သတင်း- သီပေါကိုလတ်
Source photo - နယ်စည်းမခြားပရဟိတအသင်း(သီပေါမြို့)

One News Myanmar

0 comments:

Post a Comment