Wednesday, August 14, 2019

ပါကစ္စတန် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ၊ ကက်ရှ်မီးယားအရေး အိန္ဒိယအစိုးရကို ဝေဖန်

အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေး တင်းမာနေတဲ့ ပါကစ္စတန်နိုင်ငံမှာ သြဂုတ် ၁၄ ရက်နေ့က ၇၃ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပခဲ့ပြီး ပါကစ္စတန်သမ္မတက ကက်ရှ်မီးယားအရေးနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရကို ဝေဖန်လိုက်ပါတယ်။

အစ္စလာမ္မာဘတ်မြို့မှာ ကျင်းပတဲ့ အလံတင်ပွဲ အခမ်းအနားမှာ သမ္မတ အာရစ်ဖ် အာဘီ ကိုယ်တိုင် ပါကစ္စတန်အလံကို လွှင့်တင်ပြီး နိုင်ငံတော်သီချင်းကို အတူလိုက်ဆိုပါတယ်။
အဲဒီနောက် ပါကစ္စတန်သမ္မတက “ကက်ရှ်မီးယားပြည်သူတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် မရမချင်း ပါကစ္စတန်ဟာ ကက်ရှ်မီးယားကို ပစ်ထားမှာ မဟုတ်ပါဘူး။ ကက်ရှ်မီးယား ပြည်သူတွေဟာ ပါကစ္စတန် ပြည်သူတွေပါ။ ကက်ရှ်မီးယား ပြည်သူတွေရဲ့ နာကျင်မှုဟာ ပါကစ္စတန်ရဲ့ နာကျင်မှုပါ။ ပါကစ္စတန်ဟာ ကက်ရှ်မီးယားနဲ့ အတိတ်က အတူရှိခဲ့သလို ပစ္စုပ္ပန်မှာလည်း အတူရှိနေပြီး တသက်လုံးလည်း အတူရှိသွားမယ်” လို့ မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ် အီမာခန်းလည်း ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ မြို့တော်ကို သွားပြီး ပြည်နယ်ပါလီမန်မှာ မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။
DVB

0 comments:

Post a Comment