Sunday, August 11, 2019

အိန္ဒိယတွင် ရေကြီးရေလျှံ မြေပြိုမှုကြောင့် သေဆုံးသူ ၁၅၀ ခန့်ရှိပြီ

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ဗိုင်ယာနဒ်ခရိုင်မှာ သြဂုတ် ၁၁ ရက်နေ့က  မိုး သဲသဲမဲမဲ ရွာပြီး မြေပြိုခဲ့တာကြောင့် လူအယောက် ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ 

အခုချိန်ထိ အလောင်း ၁၁ လောင်းကို ရှာတွေ့ထားတယ်လို့ ဒေသန္တရ မီးသတ် အရာရှိ တယောက်က ပြောပါတယ်။ 
ဒါကြောင့် အိန္ဒိယနိုင်ငံမှာ ရေကြီးရေလျှံဖြစ်တာနဲ့ မြေပြိုတာတွေကြောင့် စုစုပေါင်း လူ ၁၅၀ လောက် သေဆုံးသွားပြီလို့ သိရပါတယ်။
ဒါ့အပြင် ကီရာလာပြည်နယ်မှာ ဒေသခံ ၁ သိန်း ၆ သောင်းခွဲလောက်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ဩဂုတ် ၁၁ ရက်နေ့က ပြောပါတယ်။ 
ကီရာလာ ပြည်နယ်ဒေသတချို့မှာ မိုးသက်လေပြင်းကျနိုင်တဲ့ ရာသီဥတု ခန့်မှန်းချက်တွေကြောင့် လက်ရှိ ကယ်ဆယ်ရေးလုပ်ငန်း နှောင့်နှေးမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။ 
အိန္ဒိယအနောက်ပိုင်းနဲ့ တောင်ပိုင်းတလျှောက် ရေကြီးတဲ့ နေရာတွေမှာ အိန္ဒိယလေတပ်၊ ရေတပ်နဲ့ အမျိုးသားသဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့  (NDRF) တို့က ပူးပေါင်း ကယ်ဆယ်ရေး လုပ်နေကြတာပါ။ 
ကီရာလာပြည်နယ်၊ ကတ်နာတာခ်ပြည်နယ်နဲ့ မဟာရာရှ်ထရာ ပြည်နယ်တို့မှာ အခုနှစ်အတွင်း ရေကြီးမှုဒဏ် ဆိုးဆိုးရွားရွား ခံစားနေရပြီး ဂူဂျာရတ်၊ အာဆန်နဲ့ ဘီဟာ စတဲ့ ပြည်နယ်တွေမှာလည်း အခုနှစ် မုတ်သုံရာသီအတွင်း ရေကြီးတာကြောင့် ပျက်စီးဆုံးရှုံးမှု များခဲ့ပါတယ်။ 
မဟာရာရှ်ထရာပြည်နယ်မှာ ရေကြီးတာကြောင့် လူသေဆုံးသူ အယောက် ၃၀ လောက်ရှိပြီး လာမယ့် နှစ်ပတ်အတွင်း ရေမြုပ်နေတဲ့ နေရာတွေမှာ ရထားပြန်ပြေးဆွဲဖို့ အခက်အခဲရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 
၂၀၁၈ ခုနှစ်က ကီရာလာပြည်နယ်မှာ မိုးများပြီး ရေကြီးရေလျှံတာကြောင့် လူအယောက် ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 
လူပေါင်း ၅ သန်းကျော် ရေဘေးသင့်ခဲ့တဲ့ အဲဒီသဘာဝဘေးဟာ နှစ် ၁၀၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
DVB

0 comments:

Post a Comment