Sunday, August 11, 2019

အစ္စရေးရဲနှင့် ပါလက်စတိုင်းများ ရုန်းရင်းဆန်ခတ်ဖြစ်

ဂျေရုဆလင်မြို့က အယ်လ်အက်ဆာ ဗလီရဲ့ အပြင်ဘက်မှာ အစ္စရေး ရဲတွေနဲ့ ပါလက်စတိုင်းတွေ သြဂုတ် ၁၁ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

မွတ်စလင်တို့ရဲ့ အိဒ် အယ်လ်အဒ်ဟာ အားလပ်ရက်အတွက် ထောင်သောင်းချီတဲ့ မွတ်စလင်တွေ စုရုံးရောက်လာချိန်မှာ လူစုခွဲဖို့ အစ္စရေး ရဲတွေက အသံဗုံးတွေကို သုံးခဲ့ပါတယ်။
ပါလက်စတိုင်း ၁၄ ယောက်ထက်မနည်းကို ဆေးကုဖို့ ဆေးရုံခေါ်သွားခဲ့တယ်လို့ ပါလက်စတိုင်း လူနာတင်ယာဉ် ဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။ 
ရုန်းရင်းဆန်ခတ်မှုအတွင်း အစ္စရေး ရဲအရာရှိ လေးယောက် ဒဏ်ရာရတယ်လို့ အစ္စရေးရဲ့ Kan public radio က ပြောပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ တတိယမြောက် အမြတ်ဆုံးနေရာဖြစ်တဲ့ အယ်လ်အက်ဆာ ဗလီရဲ့ အပြင်ဘက်မှာ ရဲတွေနဲ့ ရင်ဆိုင်နေချိန်က ပါလက်စတိုင်းတွေဟာ သူတို့ သွေးဝိညာဉ်တွေနဲ့ အယ်လ်အက်ဆာကို ပြန်ရွေးဝယ်မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
အသံဗုံးတွေ ပေါက်ကွဲပြီး ဗလီဝင်းထဲမှာ မီးခိုးတွေ ပြည့်လာခဲ့လို့ လူအုပ်က ထွက်ပြေးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အဓိကရုဏ်းသမားတွေကို လူစုခွဲဖို့နဲ့ ဆူပူလှုပ်ရှားမယ့် ဖြစ်နိုင်ချေကို မျှော်မှန်းပြီး ရဲတွေကို ဗလီဝင်းထဲမှာ တာဝန်ချထားတယ်လို့ ရဲက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

0 comments:

Post a Comment