Wednesday, August 7, 2019

ရွှေကျင်မြစ်ရေ ထပ်မံမြင့်တက်လာ၊ ရေဘေးရှောင်ပြည်သူ (၆၅၀၀)ကျော်ထိ ရှိလာ

Image may contain: outdoor, water and nature
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ စစ်တောင်းမြစ်ရေနဲ့ ရွှေကျင်မြစ်ရေ ထပ်မံမြင့်တက်လာတာကြောင့် ဒေသခံပြည်သူတွေ ရှောင်တိမ်းနေကြပါတယ်။ သြဂုတ်(၇)ရက် နေ့လယ်(၁၂)နာရီအချိန်ထိ ရေဘေးရှောင်ပြည်သူ(၆၅၀၀)ကျော်အထိ ရှိလာပြီလို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

သြဂုတ်(၃)ရက်ကစတင်ကာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် စစ်တောင်းမြစ်ရေနဲ့ ရွှေကျင်မြစ်ရေတို့ဟာ စိုးရိမ်ရေအမှတ်ထက် မြင့်တက်နေတာဖြစ်ပြီး သြဂုတ်(၇)ရက် နေ့လယ်(၁၂)နာရီခွဲအချိန် တိုင်းတာချက်အရ စစ်တောင်းမြစ်ရေဟာ (၁၂၁၈)စင်တီမီတာနဲ့ ရွှေကျင်မြစ်ရေကတော့ (၈၁၅)စင်တီမီတာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
ရွှေကျင်မြို့အတွက် စစ်တောင်းမြစ်ရေစိုးရိမ်ရေအမှတ်ကတော့(၁၀၇၀)စင်တီမီတာဖြစ်ပြီး ရွှေကျင်မြစ်ရေရဲ့ စိုးရိမ်ရေအမှတ်ကတော့ (၇၀၀)စင်တီမီတာ ဖြစ်ပါတယ်။ မြစ်ရေတွေ စိုးရိမ်ရေအမှတ်ထက်
ရောက်ရှိနေတာကြောင့် ရွှေကျင်မြို့နယ်၊ အနိမ့်ပိုင်းရပ်ကွက်ကျေးရွာတွေက အိမ်ထောင်စု(၁၃၀၀)ကျော်၊ လူဦးရေ (၆၅၀၀)ကျော်ဟာ ဆွေမျိုးတွေအိမ်၊ ဘာသာရေးအဆောက်အဦတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီရေဘေးသင့် ပြည်သူတွေအတွက် ဌာနဆိုင်ရာတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Image may contain: one or more people, outdoor, water and nature
Image may contain: one or more people, outdoor and nature
Image may contain: one or more people, outdoor, water and nature
သတင်း - ဇော်မျိုး(ရွှေကျင်)

0 comments:

Post a Comment