Tuesday, August 13, 2019

ဆည်တမံများ၏ ကြံ့ခိုင်ရေးကို အရင်ထက် ပိုပြီး ဂရုစိုက်ကြရန် ဒုသမ္မတတိုက်တွန်း

အခုနှစ် မြန်မာနိုင်ငံမှာ နှစ်စဉ်ရွာသွန်းတဲ့ မိုးရေချိန်ပမာဏ မပြောင်းလဲပေမယ့် မိုးရွာသွန်းချိန်ကာလ တိုတောင်းမှာဖြစ်လို့ ရုတ်တရက် ရေကြီးရေလျှံတာတွေ ကြုံတွေ့ရနိုင်တယ်လို့ ဒုသမ္မတက ပြောပါတယ်။

ဒါကြောင့် ဆည်တမံတွေရဲ့ကြံ့ခိုင်ရေးကို အရင်ထက် ပိုပြီး ဂရုစိုက်ဖို့လိုတယ်လို့ မနေ့က မော်လမြိုင်မှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောခဲ့တာပါ။
ရာသီဥတုပြောင်းလဲဖောက်ပြန်တဲ့ဒဏ်ကို ကမ္ဘာ့တခြားနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံဟာ လည်း ခံစားနေရပြီး မိုးလေဝသပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ဒီနှစ် မြန်မာနိုင်ငံမှာ မုတ်သုန်အဝင် နောက်ကျပြီး အထွက်စောမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆည်တွေထဲကို ရေဝင်တာဟာ အရင်နှစ် ကာလတူထက် ဒီနှစ်မှာ အများကြီးလျော့နည်းနေ လို့ ဆည်ရေကို ထိထိရောက်ရောက် အလေအလွင့်မရှိဘဲ သုံးဖို့လိုပြီး ဆည်မြောင်းဝန်ထမ်းတွေ သာမက တောင်သူတွေလည်း သိရှိလိုက်နာရေး ပညာပေးဖို့ လိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရာသီဥတု ပြုပြင်ပြောင်းလဲမှုဒဏ်ကို အကာကွယ်ပေးနိုင်မယ့် သစ်ပင်သစ်တောတွေ မပြုန်းတီးစေရေး ထိန်းသိမ်းစောင့်ရှောက်သလို သစ်ပင်စိုက်ပျိုးတာကိုလည်း  စီမံချက်ချ အလေးထား ဆောင်ရွက်သွားကြစေလိုတယ်လို့ ပြောပါတယ်။
ကိုယ့်ဒေသက သဘာဝဘေးဖြစ်နိုင်ခြေရှိတဲ့ နေရာတွေမှာ အထူးဂရုစိုက်ပြီး ကြိုတင် ကာကွယ်တာ၊ ဇာတ်တိုက်လေ့ကျင့်တာတွေ လုပ်သွားဖို့ လိုသလို သဘာဝဘေးတွေ ဖြစ်လာရင် ရှာဖွေကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါ မှန်ကန်တဲ့ စာရင်းဇယားတွေ အချိန်မီရဖို့ အင်မတန်အရေးကြီးတာကြောင့် အောက်ခြေအဆင့်က စပြီး အလေးထား ဆောင်ရွက်ကြဖို့လည်း ပြောပါတယ်။
မနေ့က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ အသင်းခွဲတွေ၊ ကုန်စည်ဒိုင်တွေနဲ့ ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူတွေက သဘာဝဘေးသင့်ပြည်သူတွေအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကို ဆန်အိတ် ၂၂၅၀ ၊ ငွေကျပ်သိန်း ၂၀၀ နဲ့ ဓာတ်မြေသြဇာအိတ် ၃၇၀ ကို ပေးခဲ့ပါတယ်။
ဓာတ်ပုံ- သမ္မတရုံး
DVB

0 comments:

Post a Comment